AD
AD
AD
play

 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုက ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းနဲ့ပတ်သက်ပြီး ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကိုလာရောက်နည်းပြရင်လည်း ဆက်လက် အောင်မြင်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲအသင်းနည်းပြ ဇီဒန်းသာ ပရီးမီးယားလိဂ်ကို လာရောက်နည်းပြရင် အောင်မြင်မှုရနိုင်မယ်ဆိုတာ ယုံကြည်ပါသလားလို့ မေးမြန်းခဲ့တဲ့အခါ“အမှန်ပဲလေ။ ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဇီဒန်းလိုလူမျိုးအတွက် ဒါက သာမန်ပါပဲ။ သူ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို ကြည့်လိုက်မယ်ဆိုရင် သူက အင်္ဂလန်မှာလည်း အောင်မြင်နိုင်မယ်ဆိုတာ သေချာပါတယ်"

"အဲဒီလို ပြောနိုင်တာဟာ သူရဲ့အသင်းအပေါ်ဦးဆောင်နိုင်စွမ်း၊ သူ့ရဲ့စိတ်နေစိတ်ထား၊ ရီးရဲမက်ဒရစ်နဲ့အတူ ရရှိခဲ့တဲ့အောင်မြင်မှုနဲ့ ပြီးခဲ့တဲ့အပတ်က ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုတို့ကြောင့်ပါ။ ဒါ့ကြောင့်ဒီမှာလည်း သူ မအောင်မြင်နိုင်စရာအကြောင်းမရှိပါဘူး"

play

 

"ဒီကိုပြောင်းလာဖို့ စိတ်ဝင်စားမှု ရှိလား၊ မရှိဘူးလားဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ သူဟာ အင်္ဂလန်မှာသာမက ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို အောင်မြင်မှုတွေ ရယူနိုင်တဲ့ အရည်အချင်းတွေ အများကြီးပိုင်ဆိုင်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD