AD
AD
AD
play

 

play

ယနေ့ည( မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၂ နာရီ ၁၅ မိနစ်)မှာ ယှဉ်ပြိုင်ကစားသွားကြမယ့် တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ ပရိသတ်တော်တော်များများ သတိမထားမိတဲ့ အချက်တွေ ရှိနေပါတယ်။ အဲဒီအချက်တွေကို ပရိသတ်တွေ သိရှိနိုင်ဖို့ Duwun Sports က ဖော်ပြပေးလိုက်ပါတယ်။
 

(၁) ရီးရဲနဲ့စပါးအသင်းတို့ဟာ ၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ စပါးအသင်းက တစ်ကြိမ်မှ အနိုင်ရရှိခဲ့ဖူးတာမရှိပါဘူး။

(၂) ရီးရဲမက်ဒရစ်အသင်းဟာ နောက်ဆုံးချန်ပီယံလိဂ်ပွဲ ၃၀ မှာ ရှုံးပွဲတစ်ပွဲမှမရှိထားပါဘူး။

(၃)စပါးအသင်းဟာ အိမ်ကွင်းမှာ ဥရောပပွဲစဉ်တွေယှဉ်ပြိုင်တိုင်း စပိန်အသင်းတွေကို အနိုင်ရဖူးတာမရှိခဲ့ပါဘူး။

(၄) ရီးရဲအသင်းဟာ အုပ်စုပွဲစဉ်တွေမှာ ဂိုးမသွင်းယူနိုင်ခဲ့တာ ၂၀၁၅ အောက်တိုဘာလက ပီအက်စ်ဂျီနဲ့ပွဲမှာ နောက်ဆုံးဖြစ်ပါတယ်။

(၅) ရီးရဲမက်ဒရစ်နဲ့စပါးတို့ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာ အသီးသီး ရှုံးပွဲတွေ့ထားပါတယ်။

(၆) စပါးအသင်းဟာ ဟယ်ရီကိန်းပါဝင်မကစားနိုင်တဲ့ ၂ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။

(၇) ခရစ်စတီယာနိုရော်နယ်ဒို စပါးအသင်းနဲ့ပ-အကျော့ပွဲစဉ်မှာဂိုးသွင်းယူခဲ့ပြီး နောက်ထပ်ဂိုးမသွင်းနိုင်တာ ၂ ပွဲရှိပြီဖြစ်ပါတယ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD