AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တိုက်စစ်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဟယ်ရီကိန်းကို အထောင်ထားပြီး ပွဲထွက်လာခဲ့သလို ရီးရဲမက်ဒရစ်အသင်းကလည်း ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။

play

 

ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး ၂၇  မိနစ်မှာ ဒဲလ်အယ်လီက စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းက တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပြီး ၅၆ မိနစ်မှာ ဒဲလ်အယ်လီကပဲ စပါးအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၆၅ မိနစ်မှာ ဟယ်ရီကိန်းရဲ့ ဖန်တီးပေးမှုကနေ အဲရစ်ဆင်က စပါးအသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

play

 

၃ ဂိုးပြတ် ဦးဆောင်ခံနေရတဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ၇၃ မိနစ်မှာ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဘန်ဇီးမားနဲ့ အစ်စကိုတို့ကိုထုတ်ပြီး အဆန်စီယိုနဲ့ မာရော်ရယ်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ လူစားလဲလှယ်ပြီးနောက် ကစားကွက် ပိုမို အချိတ်အဆက်မိလာခဲ့ပြီး မိနစ် ၈၀ မှာ မာရော်ရယ်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ခရစ်စတီယာနိုရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD