AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နာပိုလီနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ပွဲစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ပြီး ၂၁ မိနစ်မှာ လော်ရန်ဇိုက နာပိုလီအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၃၄ မိနစ်မှာ ဂန်ဒိုဂန်ရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် အိုတာမန်ဒီက မန်ချက်စတာစီးတီးအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၄၈ မိနစ်မှာပဲ ဂျွန်စတုန်းက မန်ချက်စတာစီးတီးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နာပိုလီအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်တာကြောင့် ပရိသတ်အားနဲ့ အင်တိုက်အားတိုက် ကစားနိုင်ခဲ့သလို မန်ချက်စတာစီးတီးအသင်းကလည်း ကောင်းမွန်တဲ့ကစားကွက်ပုံဖော်မှုတွေနဲ့ တုန့်ပြန်ကစားနိုင်ခဲ့ပါတယ်။

play

 

၆၂ မိနစ်မှာ အယ်ဘီအိုကို ဆာနေး ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့ပါတယ်။ ၆၉ မိနစ်မှာ အဂူရိုက မန်ချက်စတာစီးတီးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၄ မိနစ်ပေးခဲ့ရာ ၉၂ မိနစ်မှာ စတားလင်းက မန်ချက်စတာစီးတီးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ရှင်နာပိုလီကို ၄ ဂိုး ၂ ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD