AD
AD
AD
play

 

ယနေ့နံနက် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ မာရီဘောအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ တိုက်စစ်မှာ ချန်ဘာလိန်၊ ဖာမီနို၊ မိုဟာမက်ဆာလာတို့ကို အသုံးပြုခဲ့ပြီး ပထမပိုင်းစတင်ချိန်ကတည်းက ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ၁၇ မိနစ်မှာ ဒဏ်ရာအနည်းငယ်ရရှိသွားတဲ့ ဝစ်ဂ်ျနယ်ဒန်ကို ထုတ်ပြီး ဟန်ဒါဆင်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄၉ မိနစ်မှာ မိုဟာမက်ဆာလာက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ၅၃ မိနစ်မှာ မာရီဘောအသင်းရဲ့ကစားသမား ရာစီဗစ်ဟာ ဖာမီနိုကို ပင်နယ်တီဧရိယာထဲမှာ ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး မေလ်နာက ကန်သွင်းခဲ့ရာမှာ ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။ ၆၄ မိနစ်မှာ အမ်မရီချန်က လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၄ မိနစ်မှာ ဆာလာကိုထုတ်ပြီး စတားရစ်ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းပွဲကစားချိန်ပြည့်တဲ့ မိနစ် ၉၀ မှာ ဆာလာရဲ့နေရာမှာ လူစားဝင်လာတဲ့ စတားရစ်က လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ မာရီဘောအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD