AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇနက်တီ ဇီဒန်းက ယနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ စပါးအသင်းနဲ့ရီးရဲအသင်းတို့ရဲ့ ပွဲအပြီးမှာ အနိုင်ရရှိခဲ့တဲ့ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်စွမ်းရှိတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play
စပါးအသင်းရဲ့ အဓိက လူငယ်ကစားသမား ဒယ်အလီ

 

အင်္ဂလန်လူငယ်ကစားသမား ဒယ်အလီရဲ့ ခြေစွမ်းပြကစားခဲ့မှုနဲ့အတူ စပါးအသင်းက ရီးရဲအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ စပါးအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရီးရဲအသင်းကို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play
စပါး၃-၁ ရီးရဲ ပွဲအပြီး လက်ဆွဲနှုတ်ဆက်နေတဲ့ စပါးနည်းပြပွန်ချက်တီနိုနဲ့ရီးရဲနည်းပြ ဇီဒန်း

 

ရီးရဲအသင်းရဲ့နည်းပြ ပြင်သစ်လူမျိုး ဇီဒန်းက-" ကျွန်တော့်ကစားသမားတွေ ပြီးခဲ့တဲ့ ဂျီရိုနာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ဒဏ်ကို ခံစားနေရတုန်းလို့ ကျွန်တော်ယူဆပါတယ်။ဒီခြေစွမ်းက ကျွန်တော်တို့ရဲ့ ခြေစွမ်းအမှန်မဟုတ်သေးပါဘူး။ဒါပေမယ့်လည်းအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ စပါးအသင်းကတော့ တစ်ကယ်ကို ခြေစွမ်းကောင်းမွန်ခဲ့ပါတယ်။သူတို့မှာ ဒီနှစ် ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်စွမ်းတောင်ရှိပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

 

လက်ရှိမှာ စပါးအသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD