AD
AD
AD

စပါးအသင်းက ရီးရဲအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စပါးအသင်းအနေနဲ့ ကံကောင်းမှုသက်သက်ကြောင့်သာ အနိုင်ရခဲ့ခြင်း ဖြစ်တယ်လို့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင် ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။

play
လူကျွံအနေထားတွင် ရှိခဲ့တဲ့ စပါးအသင်းရဲ့ ဦးဆောင်ဂိုး။

 

ဗီဒီယိုမှတ်တမ်းတွေမှာ ပြန်လည်ကြည့်ရှုခဲ့ရာမှာ စပါးအသင်းရရှိခဲ့တဲ့ အဖွင့်ဂိုးတွင် တောင်ပံမှ ထရစ်ပါ လူကျွံနေခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောမပေးခဲ့ပဲ ခွင့်ပြုခဲ့တာကြောင့် ဒယ်အလီက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ရော်နယ်ဒိုကဆိုပါတယ်။

play
စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ပျက်နေတဲ့ ရီးရဲအသင်းသားများ

 

ရော်နယ်ဒိုက ၎င်းအနေနဲ့လက်ရှိအခြေအနေကို လက်ခံပေမယ့်လည်း စပါးအသင်းအနေနဲ့ ကံကောင်းလို့သာ အနိုင်ရသွားခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

"ပထမဂိုးကလူကျွံဘောအနေအထားမှာ လုံးဝသက်ရောက်ခဲ့ပါတယ်။ကျွန်တော်တို့ ဒီနေ့ ကံမကောင်းခဲ့ပါဘူး။ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်ပါဘူး။ဒါက အစပဲ ရှိပါသေးတယ်။" လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ အဆိုပါပွဲစဉ်တွင် ရီးရဲအသင်းအတွက် တစ်လုံးတည်းသော သိက္ခာဆယ် ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် အသင်းနဲ့အတူ လက်ရှိချုပ်ဆိုထားတဲ့  ၄နှစ်တာ စာချုပ်သွားပါကလည်း ထပ်မံချုပ်ဆိုသွားတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါသေးတယ်။

Postby

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD