play

 

ယနေ့နံနက် ၂ နာရီ ၃၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

play

အာဆင်နယ်အသင်းဟာ တိုက်စစ်မှာ ဂျရူးကို အထောင်ထားပြီး ဝဲလ်ကော့၊ ဝီလ်ရှိုင်းယားတို့အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်း ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းကို အသာစီးရယူပြီး ဦးဆောင်နိုင်ခဲ့ပေမယ့် ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းရဲ့ နောက်ခံကစားသမားတွေနဲ့ ဂိုးသမားတို့က အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပြီး ၆၈ မိနစ်မှာ ဂျိုးဆက်ဝီလ်လော့ရဲ့နေရာမှာ ပြီးခဲ့တဲ့ နောဝစ်ခ်ျအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့တဲ့ နီကိရှာကို ထည့်သွင်းပြီး ကစားစေခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တဲ့အတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။

play

 

အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ သရေကျခဲ့တဲ့အတွက် ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ ဒုတိယနေရာက ရက်ဒ်စတားဘဲလ်ဂရိတ်ကို ၅ မှတ်ပြတ်ဦးဆောင်ထားနိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိခဲ့ပြီဖြစ်ပါတယ်။

Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video