play

 ထ

ယနေ့နံနက် ၁၂ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုင်ယွန်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ လိုင်ယွန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ၄ ပွဲကစားပြီးချိန်မှာ ၁ မှတ်သာရရှိထားတဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

play

 

အဲဗာတန်အသင်းဟာ ယနေ့ပွဲစဉ်မှာ ဆီဂတ်ဆန်ကို တိုက်စစ်မှာ အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အကြိတ်အနယ်ရှိခဲ့ကြပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဂိုးကန်သွင်းခွင့်ရရှိခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပထမပိုင်းပြီးဆုံးခါနီး ၄၃ မိနစ်မှာ အဲဗာတန်အသင်းရဲ့နောက်ခံကစားသမား မာတီနာဟာ လိုင်ယွန်အသင်းရဲ့ကစားသမားတစ်ဦးနဲ့ ခေါင်းယှဉ်တိုက်ရာမှာ အရှိန်လွန်ပြုတ်ကျခဲ့ပြီး ဒဏ်ရာရရှိခဲ့တာကြောင့် မူဟာမက်ဘီဆစ်ကို ထည့်သွင်းကစားစေခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ လိုင်ယွန်အသင်းက ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ၆၈ မိနစ်မှာ ထရာအိုရေးက လိုင်ယွန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။ ၇၆ မိနစ်မှာ ဒီပိုင်းရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် ဟူဆန်အူရာက လိုင်ယွန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့နိုင်ပါတယ်။ မိနစ် ၈၀မှာ လိုင်ယွန်အသင်းရဲ့ကွင်းလယ်ကစားသမား ဖာရီကို ရှနိုက်ဒါလင် ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

play

 

၁ ယောက်လျော့သွားခဲ့တဲ့ အဲဗာတန်အသင်းဟာ လိုင်ယွန်အသင်းရဲ့ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး ၈၈ မိနစ်မှာ ဖာရီရဲ့ပေးပို့မှုကနေတစ်ဆင့် ဒီပိုင်းက လိုင်ယွန်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ လိုင်ယွန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video