AD
AD
AD

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကိုယ့်အသင်းပရိသတ်ကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့တဲ့ မာဆေးလ်ကစားသမား အီဗရာဟာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီး နောက်ထပ်ပြစ်ဒဏ်ကိုလည်း သီးခြားကျခံရဖွယ်ရှိနေပါတယ်။

 

ပေါ်တူဂီကလပ် ဗစ်တိုးရီးယားဂွီမာရက်စ်အသင်းနဲ့ မာဆေးလ်တို့ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် စတင်တဲ့ အချိန်မှာပဲ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ မန်ယူကစားသမားဟောင်းလည်းဖြစ်တဲ့အီဗရာဟာ ဒီပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပွဲမစခင် ကွင်းဘေးမှာ ရှိနေခဲ့တဲ့ အီဗရာကို မာဆေးလ်ပရိသတ်က လှောင်ပြောင်ပုပ်ခတ်နေခဲ့တာ အချိန်အတော်ကြာတယ်လို့ သတင်းတွေက ရေးသားထားကြပါတယ်။

play

 

ပွဲစတင်တော့မယ့်အချိန်မှာပဲ အီဗရာက သူ့ကို ရန်စနေတဲ့ ကွင်းဘေးက ပရိသတ်တွေထံ သွားရောက်ပြီး ကွန်ဖူးကစ်နဲ့ ကန်လိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အီဗရာဟာ မကစားရသေးခင်မှာပဲ အနီကတ်နဲ့ အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ မာဆေးလ်က ဂွီမာရက်စ်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

play

 

ဒီလုပ်ရပ်ကြောင့် အီဗရာဟာ မန်ယူဂန္တဝင်ကစားသမားဖြစ်ခဲ့ဖူးတဲ့ ကန်တိုနာနဲ့ နှိုင်းယှဉ်ပြောဆိုခံနေတယ်လို့ သိရပါတယ်။ ကန်တိုနာဟာ ခရစ္စတယ်ပဲလေ့စ်ပရိသတ်တစ်ဦးကို အခုလို ကွန်ဖူးကစ်နဲ့ ကန်ခဲ့ဖူးပါတယ်။ ပွဲမစခင် အထုတ်ခံလိုက်ရလို့ အီဗရာဟာ ပွဲကိုပွဲကြည့်စင်ကနေသာ ကြည့်ရှုခွင့်ရခဲ့ပြီး ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။

Postby

 

ပြင်သစ်သတင်းစာ L'Equipe ရဲ့ အဆိုအရ အီဗရာဟာ သူတို့ကစားသမားတွေကို နောက်ပြောင်အော်ဟစ်နေတဲ့ ပရိသတ်တွေထံ သွားရောက်စကားပြောဖို့ လုပ်ခဲ့ပေမယ့် အခြေအနေဟာ လျှက်တပြတ်အတွင်းမှာပဲ ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD