AD
AD
AD
play

 

အာဆင်နယ်အသင်းနဲ့ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းတို့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ လှောင်ပြောင်နေတဲ့ ပရိသတ်တွေကို ရင်ဆိုင်ဖို့အတွက် အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ကိုကွီလင်ဟာ ကွင်းဘေးကြော်ငြာဆိုင်းဘုတ်တွေနားအထိ သွားရောက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၃၂ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကို မကျေနပ်တဲ့အတွက် ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

play

 

ကိုကွီလင်ဟာ ပရိသတ်တွေကို လက်ဝါးနှစ်ဖက် ဖြန့်ပြပြီး ဒီထက်ပိုပြီး ဘာများလုပ်ပေးရဦးမလဲဆိုတဲ့အမူအရာ လုပ်ပြခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ သရေကျခဲ့တာဟာ အာဆင်နယ်အသင်းအတွက် အိမ်ကွင်းမှာ ခြောက်နှစ်အတွင်း ဂိုးမရှိသရေကျခဲ့တဲ့ ပထမဆုံး ဥရောပပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ယင်းဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့နည်းပြကလည်း ယခုလိုပြောကြားခဲ့ပါတယ်။

play

 

"ပရိသတ်တွေအနေနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိသရေကျတာကို အထူးအဆန်းဖြစ်နေပုံပါပဲ။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်တာဟာ သူတို့အတွက် စိတ်ပျက်စရာဖြစ်နေပုံပါပဲ"

"ကိုကွီလင်နဲ့ ပရိသတ်တွေ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော် မမြင်လိုက်ပါဘူး။ ကျွန်တော်က ဒိုင်လူကြီးက ပွဲပြီးခရာမှုတ်တာနဲ့ ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ ဒီလိုပွဲစဉ်မျိုးမှာဖြစ်တတ်တဲ့အရာဆိုတာ ငယ်ရွယ်တဲ့ကစားသမားတွေအနေနဲ့ သင်ခန်းစာယူရမယ့် ကိစ္စပါ"

"၄ ပွဲကစားပြီးချိန်မှာ ကျွန်တော်တို့ ၁၀ မှတ်ရထားပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ပါဝင်ယှဉ်ပြိုင်ချင်တဲ့အတွက် ကစားသမားတွေကို အလှည့်ကျစနစ်နဲ့ ဆက်လက်အသုံးပြုသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD