AD
AD
AD
play

ပေါ်တူဂီကလပ် ဗစ်တိုးရီးယားဂွီမာရက်စ်အသင်းနဲ့ မာဆေးလ်တို့ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် စတင်တဲ့ အချိန်မှာ အရန်ကစားသမားအဖြစ်နဲ့ ကွင်းဘေးမှာ ရှိနေတဲ့ အီဗရာကို မာဆေးလ်ပရိသတ်အချို့က လှောင်ပြောင်ပုတ်ခတ်ခဲ့ကြပြီး သည်းခံနိုင်စွမ်းကုန်ဆုံးခဲ့တဲ့ အီဗရာဟာ ယင်းပရိသတ်ကို ကွန်ဖူးကန်ချက်နဲ့ ပြေးကန်ခဲ့တာဖြစ်ပါတယ်။

ကိုယ့်အသင်းပရိသတ်ကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့တဲ့ မာဆေးလ်ကစားသမား အီဗရာဟာ ပွဲမစခင် အနီကတ်နဲ့ ထုတ်ပယ်ခံရတာကြောင့် ပွဲကြည့်စင်ကနေသာ ကြည့်ရှုခွင့်ရခဲ့ပြီး ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။

play

 

တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၀ မိနစ်မှာ စတက်ဒီမယ်ဟက်ဘီကမ်အသင်းနဲ့ မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်အချို့က ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး အီဗရာကို ဆန္ဒပြခဲ့ကြပါတယ်။ ယင်းဆိုင်းဘုတ်ရဲ့ အဓိပ္ပာယ်ကတော့ "ခင်ဗျားကိုယ် ခင်ဗျား ကလပ်အသင်းနဲ့ ပရိသတ်ထက် ကြီးမြတ်တယ်လို့ ယူဆနေရင်တော့ ငါတို့အသင်းရဲ့ဝတ်စုံကို ဝတ်ဆင်မထားနဲ့။ ခုချက်ချင်း ထွက်သွား"လို့ ရေးသားထားတာဖြစ်ပါတယ်။

Source & Photos: BR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD