play

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့စနေနေ့ညက ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ပွဲပေါင်း ၆၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

play

 

လွန်ခဲ့တဲ့ ၁၄ နှစ်ခန့်က ဖရန့်ရစ်ကတ် ဘာစီလိုနာအသင်းကို နည်းပြစဉ် ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှာ ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ပွဲအများဆုံးပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတွေထဲမှာ ဇာဗီက ၇၆၇ ပွဲနဲ့ ပထမနေရာမှာရှိနေပြီး အင်နီယေစတာက ၆၄၂ ပွဲနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

play

 

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် အဓိကပြိုင်ပွဲ ပွဲဦးထွက်အနေနဲ့ ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က အက်စပန်ညိုအသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ စတင်ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အသက် ၁၇ နှစ်အရွယ်နဲ့ ဘာစီလိုနာအသင်းကြီးမှာ ကစားခဲ့ရပေမယ့် ယင်းအချိန်က ဘောလုံးမှော်ဆရာလို့ တင်စားရတဲ့ ရော်နယ်ဒင်ဟိုထက် မနိမ့်တဲ့ခြေစွမ်းနဲ့ အခြားကစားသမားတွေရဲ့ ပွဲထွက်ခွင့်ကို လုယူနိုင်ခဲ့ပါတယ်။

play

 

ဘလွန်းဒီအော်ဆု ၅ ကြိမ်၊ ဥရောပရွှေဖိနပ်ဆု ၄ ကြိမ် ရရှိထားတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၅၂၃ ဂိုးအထိ သွင်းယူပေထားပြီး ဖလားပေါင်း ၃၀ ကို အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video