play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်တဲ့ လူကာကူဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ်မှာလည်း ထပ်မံဂိုးပေါက်ပျောက်ခဲ့ပြီး ဂိုးမသွင်းယူနိုင်တာ ၇ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

play

 

တနင်္ဂနွေနေ့ညက ချယ်ဆီးအသင်းကို စတန်းဖို့ဘရစ်ဂ်ျမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူကာကူရဲ့ကစားပုံနဲ့ပတ်သက်ပြီး အလန်ရှီးယားရားက အကြံပြုခဲ့ပါတယ်။

play

 

“ဘာမှ လုပ်လို့မရတော့တဲ့အခြေအနေကို ရောက်လာပြီဆိုရင် တောင်ပံကိုထွက်ပြီးကစားဖို့ နောက်ထိဆင်းပြီးကစားဖို့မတွေးဘဲ ဘောလုံးထိရုံလောက်နဲ့တော့ မရတော့ဘူးလို့တွေးရပါမယ်။ ဒီအချိန်ဟာ တစ်ကိုယ်ကောင်းဆန်ရမယ့်အချိန်ပါ။ ၁၈ ကိုက်စည်းအပြင်ကို ထွက်ကစားဖို့ သူကြိုးစားနေတာတွေ့ရတယ်။ တောင်ပံကို ထွက်ကစားနေမယ်ဆိုရင် ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး။ အခြားသူတွေကို အခွင့်အရေး ဖန်တီးခိုင်းလိုက်ပါ။ သူ့အနေနဲ့ ဂိုးသွင်းကောင်းသူဖြစ်တာကြောင့် သွင်းဂိုးတွေက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်"

play

 

"သူ့အနေနဲ့ နောက်ထိဆင်းကစားတာပဲဖြစ်ဖြစ်၊ တောင်ပံထွက်ကစားတာပဲဖြစ်ဖြစ် တစ်ခုမဟုတ် တစ်ခုကို ပြုလုပ်နေပါတယ်။ ဒါက သူ့ကိုယ်သူလည်း အကူအညီမဖြစ်တဲ့အပြင် အသင်းအတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ နောက်ထိဆင်းပြီး ဂိုးဖန်တီးဖို့က သူ့ရဲ့တာဝန်မဟုတ်ပါဘူး။ သူ့ရဲ့တာဝန်က ၁၈ ကိုက်စည်းထဲမှာဆိုရင် သူဟာအရမ်းကိုအန္တရာယ်ရှိပြီး ပြိုင်ဘက်နောက်ခံလူတွေနဲ့ ဂိုးသမားက ကြောက်ရွံ့နေရမယ့် ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရမှာပါ” လို့ အကြံပြုခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video