အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း အန်ဒရီ ပီယာလိုက ယခုနှစ်အတွက် အမေရိကန် မေဂျာလိဂ် ပြိုင်ပွဲပြီးဆုံးချိန်မှာ ကစားသမားဘ၀က အနားယူမယ်လို့ ထုတ်ဖော်ပြောကြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ အီတလီလက်ရွေးစင်ဟောင်းမှာ အီတလီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ပီယာလိုအနေနဲ့ ကစားသမားဘ၀ကို ဘရက်စီယာအသင်းနဲ့စတင်ခဲ့ပြီးနောက် အင်တာမီလန်၊အေစီမီလန်နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားသမားအောင်မြင်မှုတွေကို ဆက်တိုက်ရရှိခဲ့ပါတယ်။

play

 

ထို့နောက် အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် နှစ်နှစ်အကြာမှာ အခုလို ကစားသမားဘ၀က အနားယူဖို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

"နယူးယောက်စီးတီးအသင်းက ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာတွေသာမက ကစားသမားဘ၀ရဲ့ ကောင်းမွန်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ကျွန်တော့်ရဲ့ ကစားခဲ့ဖူးသမျှအသင်းအားလုံးနဲ့ လက်တွဲခဲ့ဖူးတဲ့ အသင်းဖော်တွေကိုနှုတ်ဆက်ပါတယ်။"လို့ ၎င်းရဲ့ တွစ်တာအကောင့်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

၎င်းရဲ့ ပြောကြားမှုအပေါ် အီတလီကလပ် ဂျူဗင်တပ်အသင်းကလည်း "တစ်ကယ့်ကို ပါရမီရှင်တစ်ယောက်ပါ"လို့ ပြန်လည် ဖော်ကျူးခဲ့ပါတယ်။

လက်ရှိကစားနေတဲ့ နယူးယောက်စီးတီးအသင်းရဲ့ မန်နေဂျာ ပက်ထရစ် ဗီရဲယာကလည်း "ဘောလုံးလောကရဲ့ ရာသက်ပန် ပြောင်းလဲမှုတစ်ရပ်"လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ပီယာလိုအနေနဲ့ ကလပ်အသင်းနဲ့အတူ ကစားသမားဘ၀ ၂၂ နှစ်အတွင်း ပြည်တွင်းအမှတ်ပေးဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

အေစီမီလန်အသင်းမှာ ကစားခဲ့စဉ် စီးရီးအေ ဖလား ၂ ကြိမ် ချန်ပီယံလိဂ်ဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သလို ဂျူဗင်တပ်အသင်းနဲ့အတူ ၂၀၁၂ မှ ၂၀၁၅ အထိ လေးနှစ်ဆက် စီးရီးအေ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။

ထို့နောက် ၂၀၁၅ ခုနှစ်မှာ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အင်္ဂလန်ကစားသမားဟောင်း ဖရန့်လမ်းပတ်၊စပိန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာတို့နဲ့အတူ ဆက်လက်ကစားခဲ့ပါတယ်။

ပီယာလိုအတွက် နယူးယောက်စီးတီးအသင်းကလည်း -"နယူးယောက်စီးတီးမြို့သူမြို့သားအကုန်လုံးက အန်ဒရီကို ဂုဏ်ပြုနေကြမှာပါ။အခုလို အံ့အားသင့်လောက်တဲ့ပြောင်းရွှေ့လာမှုကြောင့်လည်း အထူးပင် ကျေးဇူးတင်ရှိနေပါတယ်။အသင်းကို ပြီးပြည့်စုံမှုတွေ ဖြည့်ဆည်းပေးခဲ့တဲ့ နှစ်နှစ်ခွဲကာလအတွက်လည်း ကျေးဇူးတင်ပါတယ်။" လို့ ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video