စပါးအသင်းရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားများဖြစ်ကြတဲ့ ဟယ်ရီကိန်းနဲ့ဟယ်ရီဝင်းတို့နှစ်ဦးမှာ ဂျာမနီ၊ဘရာဇီးအသင်းတို့နဲ့ ခြေစမ်းကစားမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ချန်လှပ်ထားခံခဲ့ရပါတယ်။

play

 

တိုက်စစ်မှူး ကိန်းမှာ ဒူးဒဏ်ရာရရှိနေတာဖြစ်ပြီး ၀င်းခ်မှာလည်း ခြေကျင်းဝတ်ဒဏ်ရာရရှိနေတာကြောင့် လူစာရင်းကနေ ပြန်လည်ချန်လှပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

play

ကိန်းနဲ့ဝင်းခ်တို့အပါအ၀င် ဒယ်အလီတို့မှာ အင်္ဂလန်အသင်းရဲ့ မူလလူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့်လည်း ဒဏ်ရာပြဿများကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က ပြန်လည်ချန်လှပ်ခဲ့ကာ အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းနဲ့ ၀က်ဘရွန်းကွင်းလယ်လူလီဗာမိုးတို့ကို အစားထိုးရွေးချယ်ခံတယ်လို့သိရပါတယ်။

 

စပါးအသင်းရဲ့ မန်နေဂျာ ပွန်ချက်တီနိုက-"၀င်းခ်အနေနဲ့ ပဲလေ့စ်နဲ့ပွဲမှာ ပထမပိုင်းပဲ ကစားနိုင်ခဲ့ပါတယ်။ ခြေကျင်းဝတ်လည်သွားခဲ့တာပါ။ကိန်းအနေနဲ့လည်း ဒူးဒဏ်ရာကို ကုသမှုဆက်လက်ခံယူရအုံးမှာပါ။" လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဂျာမနီအသင်းနဲ့ခြေစမ်းပွဲကို ၀င်ဘလေကွင်းကြီးထဲမှာ လာမယ့်သောကြာနေ့တွင် လက်ခံကစားသွားမှာ ဖြစ်သလို နိုဝင်ဘာ ၁၄ ရက်မှာ ထပ်မံခြေစမ်းကစားမယ့် ဘရာဇီးအသင်းနဲ့ပွဲကိုလည်း ၀င်ဘလေ ကွင်းမှာပင်

ထပ်မံလက်ခံကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

The full squad to face Germany and Brazil is as follows:

------------------------------------------------------------------

Goalkeepers: Joe Hart, Jack Butland, Jordan Pickford

Defenders: Ryan Bertrand, Danny Rose, Gary Cahill, Phil Jones, Harry Maguire, John Stones, Joe Gomez, Kyle Walker, Kieran Trippier, Ashley Young, Michael Keane

Midfielders: Eric Dier, Fabian Delph, Ruben Loftus-Cheek, Jordan Henderson, Raheem Sterling, , Jesse Lingard, livermore

Strikers: , Marcus Rashford, Tammy Abraham, Jamie Vardy

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video