AD
AD
AD

လာမယ့် သောကြာနေ့မှာ ဂျာမနီအသင်းကို အိမ်ကွင်းမှာ ခြေစမ်းပွဲအဖြစ် လက်ခံကစားမယ့် အင်္ဂလန်အသင်းအနေနဲ့ အဝေးကွင်းဝတ်စုံကို ၀တ်ဆင်ကစားမယ်လို့ သိရပါတယ်။

play

 

အင်္ဂလန်အသင်းအနေနဲ့ ဂျာမနီအသင်းနဲ့ ၀င်ဘလေကွင်းအတွင်းယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ယခုလို အဝေးကွင်း ၀တ်စုံကို ၀တ်ဆင်ရခြင်းမှာ စီးပွားရေးအရ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

FA တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အရ ပြင်သစ်၊စကော့တလန်နဲ့ လစ်သူယေးနီးယားအသင်းတို့မှာလည်း အပြာရောင်ဂျာစီများကို ၀တ်ဆင်ကစားကြမှာဖြစ်တာကြောင့် အင်္ဂလန်အသင်းအနေနဲ့လည်း စပွန်ဆာပေးထားတဲ့ Nike ကုမ္ပဏီရဲ့တံဆိပ်ကို ပိုမိုထင်ဟပ်စေရန်အတွက် နက်ပြာရောင် အဝေးကွင်းဝတ်စုံကို ၀တ်ဆင်ကစားမှာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း ယခုလို ၀တ်ဆင်ကစားရခြင်းမှာ အလှပြခြင်းသက်သက်လောက်သာ ဖြစ်ပြီး အခြားစီးပွားရေအရ စာချုပ်ချုပ်ဆိုထားတာတွေမရှိဘူးလို့လည်းသိရပါတယ်။

အင်္ဂလန်အနေနဲ့ Nike ကုမ္ပဏီနဲ့ ဂျာစီစပွန်ဆာ စာချုပ်ကို ၂၀၃၀ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတယ်လို့ သိရပြီး၊ နောက်ထပ် ၁၂ နှစ် သက်တမ်းတိုးစာချုပ်အတွက် ပေါင် သန်း ၄၀၀ တန်စာချုပ်ကို ချုပ်ဆိုပြီးဖြစ်တယ်လို့လည်းသိရပါတယ်။၂၀၁၆ ယူရိုဖလားနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၀တ်ဆင်ကစားပြီးလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ပြီးခဲ့တဲ့ ၂၀၀၀ခုနှစ်တုန်းက ၀င်ဘလေကွင်းမှာ ယခုလို အဝေးကွင်းဂျာစီကို ၀တ်ဆင်ကစားခဲ့ဖူးပြီး အဲ့ဒီတုန်းက အဝေးကွင်းဂျာစီမှာ အနီရောင်ဖြစ်ကာ ဂျာမနီအသင်းကိုပဲ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။

FAရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက-"ဘရာဇီးနဲ့ပွဲမှာတော့ ကျွန်တော်တို့ အဖြူရောင်ဂျာစီကို ၀တ်ဆင်ကစားမှာပါ။"လို့ ပြောဆိုထားပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ၂၀၁၀ ခုနှစ်က အီဂျစ်အသင်းနဲ့ ၀င်ဘလေမှာကစားခဲ့တဲ့ ပွဲစဉ်မှာ အဝေးကွင်းဂျာစီကို ၀တ်ဆင်ပြီးနောက်ပိုင်း ၀င်ဘလေမှာကစားတဲ့ ပွဲစဉ်တွေမှာ အဖြူရောင်ဂျာစီကိုသာာ ၀တ်ဆင်ကစားခဲ့ပြီး ယခုတစ်ကြိမ်မှာ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် အိမ်ကွင်းမှာ အဝေးကွင်းဝတ်စုံဝတ်ဆင်ကစားမှာလည်း ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD