AD
AD
AD

စပိန်ကလပ် ဘာစီလိုနာအသင်းသည် ပရီးမီးယားလိဂ်မှ ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပလီကျူတာနဲ့ မန်ယူတိုက်စစ်မှူး မာရှယ်တို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ ဘောလုံးကင်းထောက် ဖာနန်ဒက်အနေနဲ့ ၎င်းတို့ ကစားတဲ့ပွဲတွေကို လိုက်လံကြည့်ရှုနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးက မန်ယူကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အက်ဇ်ပလီကျူတာအနေနဲ့ ယခုနှစ်အစောပိုင်းက-" ဒီမှာ ကျွန်တော်ပျော်ရွှင်နေပါတယ်။အခြားအကြောင်းအရာတွေကို ကျွန်တော်မစဉ်းစားချင်သေးပါဘူး။"လို့ ထုတ်ဖော်ပြောထားပါတယ်။

 

ကစားသမားနှစ်ဦးစလုံးကို ဘာစီလိုနာအနေနဲ့ နှစ်ရှည်စီမံကိန်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ရေး ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အက်ဇ်ပလီကျူတာအနေနဲ့ ချဲလ်ဆီးမှာ ပွဲထွက်ကစားခွင့်ရနေပေမယ့် မန်ယူလူငယ်ကစားသမား မာရှယ်ကတော့ မန်ယူမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းဖို့ ပိုမိုနီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ကစားသမား နှစ်ဦးစလုံးထံမှ မည်သည့် စကားသံတစ်စုံတစ်ရာကိုမှ ကြားသိရခြင်းလည်း မရှိသေးဘူးလို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD