AD
AD
AD

စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတော့ရက်စ်အနေနဲ့ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ တရုတ်စူပါလိဂ်(သို့)မေဂျာလိဂ်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါ အက်သလက်တီကိုတိုက်စစ်မှူးမှာ အက်သလက်တီကိုအသင်းမှာ အရံကစားသမားအဖြစ် ကစားနေရခြင်းကို မပျော်ရွှင်တော့ပဲ ဥရောပ ကစားသမားတွေရဲ့ လမ်းစဉ်အတိုင်း အာရှ (သို့) အမေရိကကို ခြေဆန့်တော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

တောရက်စ်အနေနဲ့ လာမယ့် နွေရာသီမှာတော့ သေချာပေါက် အက်သလက်က ထွက်ခွာမှာ ဖြစ်ပြီး အဓိကကတော့ တိုက်စစ်မှူးဟောင်း ကော်စတာ ဇန်န၀ါရီမှာ ပြန်လည်ရောက်ရှိလာတော့မှာကြောင့်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

 

တောရက်စ်အနေနဲ့ အက်သလက်တီကိုအသင်းကို မရောက်ရှိချိန် အေစီမီလန်အသင်းမှာ အငှားနဲ့ ကစားခဲ့သလို ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ လီဗာပူး၊ချဲလ်ဆီးအသင်းတို့မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အက်သလက်အသင်းကို ပြန်လည်ရောက်ရှိနေပြီး ၄၉ ပွဲကစားထားကာ ၁၄ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

Postby

Source- Football Tribe Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD