play

 

ပီယာလိုဟာ နယူးယောက်စီးတီးအသင်းနဲ့ ကိုလံဘတ်ခရူအသင်းတို့ရဲ့ MLS Eastern Conference အကြိုဗိုလ်လုပွဲ ပထမကျော့ပွဲစဉ်အပြီးမှာ ကစားသမားဘဝကနေ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

play

 

ပီယာလိုဟာ လက်ရှိအချိန်မှာ အသက်(၃၈)နှစ်ရှိပြီဖြစ်ပြီး မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းအတွက် ပွဲပေါင်း(၆၂)ပွဲ ကစားပြီးပေးခဲ့ပြီးနောက် အနားယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

play

 

ပီယာလိုရဲ့ကစားသမားဘဝတစ်လျှောက် အီတလီလက်ရွေးစင်အသင်း၊ အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတွေနဲ့အတူ ဆုဖလားများစွာ ရယူနိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားများထဲက တစ်ဦး ဖြစ်ပါတယ်။

play

 

၂၀၁၅ ခုနှစ်မှာ အီတလီလက်ရွေးစင်အသင်းကနေ အနားယူခဲ့ပြီးနောက် ယခုအခါ ကစားသမားဘ၀ကနေ အပြီးတိုင်အနားယူလိုက်တဲ့ ပီယာလိုက ကစားသမားဘ၀တစ်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက် Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အေစီမီလန်၊ ဂျူဗင်တပ်အသင်းတို့ကလည်း ပီယာလိုကို ဂုဏ်ပြုကြောင်း အသီးသီး လွှင့်တင်ခဲ့ကြပါတယ်။

Source & Photos: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video