ရီးရဲအသင်းရဲ့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က အသင်းရဲ့အဓိက တိုက်စစ်မှူး ရော်နယ်ဒိုနေရမှာ လက်ရှိ ပီအက်ဂျီအသင်းမှ ဘရာဇီးကစားသမား နေမာနဲ့ အစားထိုးနိုင်ဖို့ ခေါ်ယူနိုင်ရေး ဆွေးနွေးလျက်ရှိတယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

အဆိုပါ ဘရာဇီးတိုက်စစ်မှူးမှာ ဘာစီလိုနာအသင်းကနေ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

play

လက်ရှိမှာတော့ ရီးရဲဥက္ကဋ္ဌ ပီရက်ဇ်နဲ့ နေမာတို့အကြားပြောင်းရွှေ့ရေးအတွက် နှုတ်ဖြင့်သာ စကားပြောထားရသေးတယ်လို့လည်း သိထားရပါတယ်။

 

ရီးရဲအနေနဲ့ ၂၀၂၁ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ရော်နယ်ဒိုနေရာမှာ အစားထိုးဖို့ ခေါ်ယူမှာလို့လည်း ထုတ်ပြန်ထားပါတယ်။

အဓိက ကတော့ ရော်နယ်ဒိုအနေနဲ့ ရီးရဲအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေကို ဝေဖန်ခဲ့သလို စာချုပ်သက်တမ်းတိုးဖို့လည်း စိတ်မ၀င်စားတော့ဘူးလို့ ပြောကြားခဲ့တာကြောင့် ယခုလို ၎င်းနေရာကိုအစားထိုးဖို့ ရီးရဲအနေနဲ့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း စပိန်သတင်းတွေက ဖော်ပြနေပါတယ်။

လက်ရှိမှာတော့ နေမာအနေနဲ့ပြင်သစ်မှာ ဘရာဇီးကစားဖော်တွေဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်၊မာကွင်ဟိုစ်၊သီယာဂိုလ်ဆေးလ်ဗား၊လူးကပ်စ်မော်ရာတို့နဲ့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

ပီအက်ဂျီအသင်းအတွက်လည်း ခြေစွမ်းပြပြီး ၁၂ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့အထိ ခြေစွမ်းပြကစားလျက်ရှိနေတယ်လို့ သိရပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video