ပြင်သစ်ကလပ် ပီအက်ဂျီအသင်းမှာ အသင်းရဲ့ ကစားသမားများဖြစ်ကြတဲ့ အိန်ဂျယ် ဒီမာရီယာနဲ့ လူးကပ်စ်မော်ရာတို့နှစ်ဦးကို ပေါင် သန်း (၇၀)လောက်နဲ့ အရောင်းထွက်ချင်နေတယ်လို့ သိရပါတယ်။

play

 

ပီအက်ဂျီအသင်းအနေနဲ့ ပြောင်းရွှေ့ကြေး မြင့်မားစွာ သုံးစွဲမှုကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ စစ်ဆေးမေးမြန်းခြင်း ခံနေရသလို နေမာရဲ့ပြောင်းရွှေ့ကြေးနဲ့ မက်ပီရဲ့ ပြောင်းရွှေ့ကြေးတို့အတွက် ငွေကြေးရှင်းတမ်းတွေ ထုတ်ပြန်နေရတာလည်း ဖြစ်ပါတယ်။

play

 

ဒါကြောင့်လက်ရှိမှာ ဒီမာရီယာနဲ့ မော်ရာတို့ကို လာမယ့် ဇန်န၀ါရီဈေးကွက်မှာ ရောင်းထုတ်ချင်နေပေမယ့်လည်း အမေရိကန်မှ တီဗီ စပွန်ဆာတစ်ခုကို စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။

 

ပီအက်ဂျီအနေနဲ့ ဒီမာရီယာကို ပရီးမီးယားလိဂ်မှ ကလပ်အသင်းများက စိတ်ဝင်စားဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမာရီယာအနေနဲ့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းမှ ပီအက်ဂျီအသင်းကို ရောက်ရှိခဲ့တာ ဖြစ်တာကြောင့် တစ်ဖန်ပြန်လည်စိတ်ဝင်စားဖို့ ခဲယဉ်းနေတယ်လို့လည်း သိရပါတယ်။

ဒီမာရီယာအနေနဲ့ ရီးရဲမှ မန်ယူကို စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ရောက်ရှိခဲ့ပေမယ့်လည်း မန်ယူမှာ အောင်မြင်မှုမရခဲ့ပဲပီအက်ဂျီကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်ဂျီအနေနဲ့ ရုပ်သံမှ ကြည့်ရှုသူပရိသတ်ပိုမိုများပြားလာဖို့ ရည်ရွယ်နေတာဖြစ်ပြီး လက်ရှိမှာ စပွန်ဆာရရှိရေး ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မိုနာကိုအသင်းနဲ့ ကစားသမားခေါ်ယူဖို့ အကြိုသဘောတူညီမှုရယူထားပြီး လာမယ့်နှစ်မှာ မက်ပီအတွက် ယခုပြောင်းရွှေ့ကြေး ပေါင် ၁၆၅ သန်းအပြင်နောက်ထပ် ထပ်တိုးပေးရဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video