အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့ ကစားကြမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် ကစားသမားများရဲ့ လက်မောင်းများတွင် အမဲရောင်လက်ပတ်များကို ၀တ်ဆင်ကစားစေမည်ဖြစ်ကာ ထိုအမဲရောင်လက်ပတ်ပေါ်တွင် ဘိန်းပန်းတံဆိပ်များကိုတပ်ဆင်ကစားစေမယ်လို့ သိရပါတယ်။

play

 

ယင်းကဲ့သို့ ဘိန်းပန်းတံဆိပ်များ တပ်ဆင်ကစားစေရခြင်းမှာ နှစ်နိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို သတိရလွမ်းဆွတ်ခြင်း အထိမ်းအမှတ်အနေနဲ့ ၀တ်ဆင်ကစားစေမှာ ဖြစ်တယ်လို့ နှစ်ဖက် ဘောလုံးအဖွဲ့ချုပ်များက ထုတ်ပြန်ထားပါတယ်။

play

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ chief executive Martin Glenn က -"အခုလို ၀တ်ဆင်စေခြင်းက နှစ်နိုင်ငံစည်းလုံးညီညွတ်မှုရှိခြင်းရဲ့ ပြယုဂ် ဖြစ်လာစေတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

play

အင်္ဂလန်၊စကော့တလန်၊ဝေးလ်နဲ့ မြောက်အိုင်ယာလန်အသင်းများအနေနဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက အဆိုပါ ဘိန်းပန်းတံဆိပ်များကို ၀တ်ဆင်ကစားခဲ့ကြပြီး ယင်းအမှတ်တံဆိပ်မှာ နိုင်ငံရေး ပြယုဂ်တစ်ခုဖြစ်တယ်လို့ ဖီဖာက သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့် အဆိုပါအသင်းလေးသင်းစလုံးမှာ ဘိန်းပန်းတံဆိပ်ကို ၀တ်ဆင်ကစားခွင့်ရရေး တောင်းဆိုခဲ့တာကြောင့် နိုဝင်ဘာလ အတွင်း ၀တ်ဆင်ကစားခွင့်ရခဲ့ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကတော့အဆိုပါ အမှတ်တံဆိပ်မှာ နိုင်ငံရေး ၀ါဒဖြန့်ချိရေး မဟုတ်ဘူးလို့ ငြင်းဆိုထားခဲ့ပါတယ်။

"ဒီအမှတ်တံဆိပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဘောလုံးအသိုင်းအ၀ိုင်းက ဂုဏ်ပြုတဲ့ အမှတ်တံဆိပ် တစ်ခုအဖြစ်သာ ရှိနေပါတယ်။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ် နှစ်ရပ်စလုံးက နှစ်ဖက် စစ်ရပ်ဆိုင်းဖို့ သဘောတူခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဂုဏ်ပြုအခမ်းအနားတစ်ရပ်ပြုလုပ်ဖို့ သဘောတူပြီးပြီလို့လည်းသိရပါတယ်။

၂၀၁၈ခုနှစ် ကမ္ဘာ့ဖလား Play-Off ပထမအကျော့အဖြစ် ကစားမယ့် မြောက်အိုင်ယာလန်နဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်အပါအ၀င် စကော့တလန်နဲ့ နယ်သာလန်တို့ရဲ့ ခြေစမ်းပွဲ၊ဝေးလ်နဲ့ ပြင်သစ်တို့ရဲ့ ခြေစမ်းပွဲတို့မှာလည်း ဂုဏ်ပြုအခမ်းအနားများအသီးသီးပြုလုပ်ကြမယ်လို့ သိရပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video