play

 

ဘာစီလိုနာအသင်းမှာ ၂၀၀၉-၂၀၁၀ ရာသီမှာ ကစားခဲ့ဖူးတဲ့ လက်ရှိ အေသင်အသင်းရဲ့ကစားသမား ဒီမီထရို ချင်ဂါရင်စကီးက သူ့ရဲ့ရှုပ်ထွေးတဲ့ ကစားသမားဘဝနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အကြောင်းကို မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

play

 

ယူကရိန်းဘောလုံးသမားဖြစ်တဲ့ ချင်ဂါရင်စကီးဟာ ဂွါဒီယိုလာရဲ့စိတ်ပျက်စရာအကောင်းဆုံး ကစားသမားခေါ်ယူမှုထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်မှာ အေသင်အသင်းအတွက် ကစားပေးနေတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဘာစီလိုနာအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာက ချင်ဂါရင်စကီးကို ရှက်တာဒိုးနတ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ကစားကွက်နဲ့ အံဝင်ခွင်ကျမရှိခဲ့ဘဲ ခြေစွမ်းမပြသနိုင်တဲ့အတွက် နောက်တစ်ရာသီမှာပဲ ရှက်တာဒိုးနတ်အသင်းထံကို ပေါင် ၁၅ သန်းနဲ့ ပြန်လည်ရောင်းချခဲ့ရတာဖြစ်ပါတယ်။

play

 

"ဘာစီလိုနာအသင်းဟာ မတူညီတဲ့ ကမ္ဘာသစ်တစ်ခုလိုပါပဲ။ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ ဘယ်သူမှ မယှဉ်ပြိုင်နိုင်လောက်တဲ့ ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ မက်ဆီနဲ့ အီဘရာဟီမိုဗစ်တို့လို ကစားသမားတွေ ရှိနေတယ်။ အဲဒီလိုအသင်းမျိုးမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့တာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ သူတို့က ယူရို ၂၅ သန်းပေးပြီးခေါ်ခဲ့တာဟာ ကျွန်တော့်ကို ဖိအားတွေဖြစ်စေပါတယ်။ အဲဒါ ကျွန်တော့်အတွက် တကယ့်ဈေးအမှန်မဟုတ်ပါဘူး။ အသင်းနဲ့အံဝင်ခွင်ကျဖြစ်ဖို့ အချိန်တွေပိုလိုခဲ့ပေမယ့် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ အမှန်တရားတစ်ခုကတော့ ခရာမှုတ်ပြီး အစမှာ ကျွန်တော့်ကို အားပေးကြပေမယ့် နောက် ၅ မိနစ်လောက်ကျတော့ ကျွန်တော့်ကို အော်ဟစ် ကြိမ်းမောင်းနေတာ လုံးဝ နားမလည်နိုင်ဘူးဆိုတာပါပဲ"

play

 

"ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂိုးသွင်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမား မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းတစ်ကိုယ်ကောင်းဆန်ပါတယ်။ မက်ဆီကတော့ သူနဲ့မတူဘဲ ကွဲပြားခြားနားပါတယ်။ သူက အသင်းအတွက်ပဲ တစ်ချိန်လုံး စဉ်းစားနေတတ်တဲ့သူပါ"လို့ ပြောကြားသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video