AD
AD
AD

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ လက်ရှိချန်ပီယံ ဂျာမနီအသင်းအနေနဲ့ ပြိုင်ပွဲမှာ ၀တ်ဆင်ကစားမယ့် ၀တ်စုံကို မိတ်ဆက်တဲ့ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

play

 

အဆိုပါ ဂျာစီတွင် ရင်ဘတ်မှာ လှိုင်းပုံစံ အစက်တွေနဲ့ ဒီဇိုင်းဖော်ထားတာဖြစ်ပြီး ယင်းဒီဇိုင်းမှာ ၁၉၉၀ခုနှစ်က ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အနောက်ဂျာမနီအသင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ပြု ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

play

ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂျာမနီအသင်းအနေနဲ့ လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်းသိရပါတယ်။

play

အဆိုပါ ဂျာစီဒီဇိုင်းကိုတော့ ပထမဆုံး ပွဲထွက်မိတ်ဆက်ပွဲအဖြစ် အင်္ဂလန်အသင်းနဲ့ ၀င်ဘလေကွင်းမှာ ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲမှာ ပထမဆုံးစတင်ဝတ်ဆင်ကစားမယ်လို့လည်းသိရပါတယ်။

အင်္ဂလန်အသင်းနဲ့ ဂျာမနီအသင်းတို့မှာ ပြီးခဲ့တဲ့ မတ်လက နောက်ဆုံးတွေ့ဆုံထားပြီး ဂျာမနီအသင်းက ပိုဒေါလ်စကီးရဲ့ သွင်းဂိုးနဲ့ ၁-၀ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD