AD
AD
AD
play

 

ဗုဒ္ဓဟူးနေ့က စိန့်ပီစတာဘတ်မြို့တရားရုံးမှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တည်ဆောက်နေတဲ့ စိန့်ပီတာဘတ်ဘောလုံးကွင်းနဲ့ ပတ်သက်ပြီး မသမာမှုတွေပြုလုပ်ခဲ့တဲ့ စိန့်ပီတာဘတ်မြို့ရဲ့လက်ထောက်အုပ်ချုပ်ရေးမှူးဟောင်းကို အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။

play

 

စိန့်ပီတာဘတ်မြို့ တရားရုံးရဲ့ပြောကြားချက်အရ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ လက်ထောက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ မရတ်အိုဂါနက်စ်ရန်းဟာ စိန့်ပီတာဘတ်ဘောလုံးကွင်းရဲ့ LED ဆိုင်းဘုတ်စာချုပ်ချုပ်ဆိုခွင့်ရဖို့အတွက် ရူဘယ် ၅၀.၄ သန်း(ဒေါ်လာ ၈ သောင်းခွဲ)ကို ရယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

Postby

 

အိုဂါနက်စ်ရန်းဟာ အနိုင်ရမယ်လို့ ဘယ်သူကမှမထင်မှတ်ထားတဲ့ ၎င်းနဲ့ရင်းနှီးသူ ကန်ထရိုက်များ စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် စီစဉ်ပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိတွေကတော့ ဗုဒ္ဓဟူးနေ့မှာ ကြားနာစစ်ဆေးမှုမှာ အိုဂါနက်စ်ရန်းအနေနဲ့ တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်ခဲ့ကြောင်း ဝန်ခံလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

 

"ဒီကိစ္စမှာ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံခဲ့ပါတယ်။ တခြားပြစ်မှုတွေအတွက်လည်း ခိုင်လုံတဲ့သက်သေအထောက်အထားတွေ ပေးခဲ့ပြီး သူ ပျက်စီးစေခဲ့တဲ့အရာတွေအတွက် ပြန်လည်ကုစားဖို့အတွက် ခြေလှမ်းလှမ်းလိုက်တာဖြစ်ပါတယ်"လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

play

 

စိန့်ပီတာဘတ်ဘောလုံးကွင်းကြီးဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲလက်ခံယှဉ်ပြိုင်ဖို့အတွက် တည်ဆောက်နေတဲ့ လူပေါင်း ၆၉၀၀၀ ဆံ့ကွင်းကြီးဖြစ်ပါတယ်။

Source & Photos: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD