၂၀၁၈ ရုရှားကမ္ဘာ့ဖလား ၀င်ခွင့်အတွက် Play-0ff ခြေစစ်ပွဲ ပထမအကျော့ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ ခရိုအေးရှားအသင်းက ဂရိအသင်းကို ၄-၁ ဂိုးနဲ့လည်းကောင်း ဆွစ်ဇာလန်အသင်းက မြောက်အိုင်ယာလန်အသင်းကို ၁-၀ ဂိုးနဲ့ လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။

play
မြောက်အိုင်ယာလန် ၀-၁ ဆွစ်ဇာလန်ပွဲမှ ဆွစ်ဇာလန်အသင်း ကစားသမား ရိုဒရိုဂွတ် ပင်နယ်တီကန်သွင်းနေစဉ်။

ခရိုအေးရှားအသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရတာကြောင့် အနိုင်ရရှိရေး လူစုံထုတ်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာပင်နယ်တီ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ဒီဂိုးကိုတော့ ကွင်းလယ်လူ မိုဒရစ်က အမှားအယွင်းမရှိကန်သွင်းပြီး ဦးဆောင်ဂိုးစတင်ရယူပေးခဲ့ပါတယ်။

play
ခရိုအေးရှား ၄-၁ ဂရိ ပွဲစဉ်မှ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် ပင်နယ်တီကန်သွင်းနေစဉ်။

ပွဲချိန်တော်တော်များများကိုလည်း ခရိုအေးရှားအသင်းသာ ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကို တိုက်စစ်မှူး ကလန်နစ်က ၂ ဂိုးနဲ့ တောင်ပံကစားသမား ပါရီဆစ်က တစ်ဂိုး ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ဂရိအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲကစားချိန် ၃၀ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

 

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြောက်အိုင်ယာလန်အသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ပွဲစဉ်မှာတော့ ဧည့်သည်ဆွစ်ဇာလန်အသင်းက အဝေးကွင်းမှာ ပင်နယ်တီလက်ဆောင်ဂိုးရရှိကာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မနက်ဖြန် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲအချိန်မှာ ဆွစ်ဇာလန်အသင်းနဲ့ မြောက်အိုင်ယာလန်အသင်းတို့ပွဲစဉ်ကိုလည်းကောင်း၊တနင်္လာနေ့ နံနက် မြန်မာစံတော်ချိန် ၂ နာရီ ၁၅ အချိန်တွင်ဂရိအသင်းနဲ့ ခရိုအေးရှားအသ င်းတို့ ပွဲစဉ်ကိုလည်းကောင်း အသီးသီး ဆက်လက် ယှဉ်ပြိုင်ကစားစေမှာ ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video