AD
AD
AD
play

 

အာဆင်နယ်အသင်းရဲ့နည်းပြ အာဆင်ဝင်းဂါးက "ခင်ဗျားဘောလုံးကို ချစ်မြတ်နိုးတယ်ဆိုရင် မက်ဆီကစားပုံကို ကြည့်ချင်မှာပဲ"လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ကမ္ဘာ့ဖလားမျှော်လင့်ချက်တွေကို အသက်သွင်းပေးခဲ့တဲ့ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

play

 

မက်ဆီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ မရေမရာဖြစ်နေမှုကို သူ့ရဲ့မှော်ဆန်တဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အီကွေဒေါအသင်းကို အနိုင်ယူပြီး အဆုံးသတ်ပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အာဆင်ဝင်းဂါးဟာ ဘလွန်းဒီအော် ၅ ကြိမ်ရရှိထားတဲ့ မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်း သက်သေထပ်မံပြသနိုင်တာကို ကျေနပ်နေတယ်လို့ ပြောပါတယ်။

play

 

"ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ကို ပြောရရင် မက်ဆီကို ကမ္ဘာ့ဖလားမှာ မြင်တွေ့ခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းပျော်ပါတယ်"

Postby

 

"ခင်ဗျားသာ ဘောလုံးကိုချစ်မြတ်နိုးတယ်ဆိုရင် မက်ဆီကစားပုံကို ကြည့်ချင်မှာပဲ။ ခင်ဗျားသာ ဘောလုံးကိုချစ်မြတ်နိုးတယ်ဆိုရင် အာဂျင်တီးနားအသင်းကိုလည်း ချစ်မြတ်နိုးမှာပဲ"

"အာဂျင်တီးနားအသင်းမှာ အမြဲတမ်း ထိပ်တန်းအဆင့် တိုက်စစ်ကစားသမားတွေ ပေါ်ထွက်နေပါတယ်။ သူတို့ဟာ ပင်ကိုပါရမီရှိတာထက်ကို ပိုထူးခြားပါတယ်။ တကယ်လို့ အာဂျင်တီးနားအသင်းသာ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့ဘူးဆိုရင် ကျွန်တော့်အနေနဲ့ ဝမ်းနည်းမိမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD