AD
AD
AD

လာမယ့် ၂၀၁၈ မတ်လအတွင်းမှာ ကျင်းပပြုလုပ်မယ့် တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ကမ္ဘာကျော်ဘောလုံးသမားများ ပါဝင်တေဲ့ ဝေးလ်၊ဥရုဂွေးနဲ့ ချက်ရီပတ်ပလစ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မယ်လို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

play
လက်ရှိ ချန်ပီယံ ချီလီအသင်း

 

တရုတ်အသင်းအနေနဲ့ ၂၀၁၉ အာရှဖလားပြိုင်ပွဲအတွက် အကြို ပြင်ဆင်သည့်အနေနဲ့ ယခု ဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းတယ်လို့လည်း သိရပါတယ်။

play

 

"ဒီဖိတ်ခေါ်ဖလားပြိုင်ပွဲက ကျွန်တော်တို့အသင်းကို ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေကို ရရှိစေမှာပါ။ပရိသတ်တွေကိုလည်း အခုလို ကမ္ဘာကျော်ဘောလုံးသမားတွေပါဝင်တဲ့ အသင်းတွေနဲ့ ခြေစမ်းမှာ ဖြစ်တာကြောင့် ပျော်ရွှင်လိမ့်မယ်လို့ယုံကြည်ပါတယ်။" လို့ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာက ထုတ်ဖော်ပြောခဲ့ပါတယ်။

 

ပြိုင်ပွဲကို ၂၀၁၈ မတ်လ ၁၉ ရက်နေပမှ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ဖီဖာရဲ့ နိုင်ငံတကာခြေစမ်းပွဲများ ပြက္ခဒိန်နဲ့ တိုက်ဆိုင်နေတာကြောင့် ကမ္ဘာ့အဆင့်ရပ်တည်မှုအတွက် ရမှတ်တွေရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့် ပြိုင်ပွဲဝင်နိုင်ငံများအနေနဲ့ ၎င်းတို့ရဲ့ အဓိက ကစားသမားအစုံအလင်ကို ခေါ်ယူလာနိုင်ဖွယ်ရှိတယ်လို့လည်း တရုတ်ဘောလုံးအဖွဲ့ချုပ်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယခု ကျင်းပတဲ့ ဖိတ်ခေါ်ဖလားကို တရုတ်အနေနဲ့ ယခုနှစ်ဇန်န၀ါရီလမှာ စတင်ကျင်းပခဲ့ပြီး ချီလီ၊အိုက်စလန်နဲ့ ခရိုအေးရှားအသင်းတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ချီလီအသင်းက ဗိုလ်စွဲထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD