play

 

အင်္ဂလန်အသင်းရဲ့နည်းပြ ဂါးရတ်ဆောက်ဂိတ်က အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဒရင့်ဝါတာကို ထည့်သွင်းခဲ့ပေမယ့် ဒရင့်ဝါတာက ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ တန်မီအေဘရာဟမ်၊ ဂျော်ဒန်ပစ်ဖို့ဒ်၊ လော့ဖ်တက်ချိခ်တို့ကို ရွေးချယ်ထားပြီး အဲရစ်ဒိုင်ယာကို အသင်းခေါင်းဆောင်အဖြစ် ဂျာမနီအသင်းနဲ့ ပွဲစဉ်မှာ တာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။

play

 

ဆောက်ဂိတ်အနေနဲ့ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယနေ့ည(မြန်မာစံတော်ချိန် စနေနေ့ နံနက် ၂ နာရီ ၃၀ မိနစ်) ပွဲစဉ်မှာ ဒရင့်ဝါတာကို ပါဝင်ကစားစေချင်ပေမယ့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒရင့်ဝါတာရဲ့ ငြင်းပယ်မှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးလိုတဲ့ ဆန္ဒအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့အမည်မဖော်လိုသူတစ်ဦးကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းပြီးဆုံးခါနီး ဒရင့်ဝါတာကို ထည့်သွင်းကစားစေခဲ့ရာမှာ ဒဏ်ရာပြန်လည်ရရှိခဲ့တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

Postby

 

"ကျွန်တော့်အနေနဲ့ ဒန်နီ ဘယ်လိုခံစားနေရလဲဆိုတာ သိချင်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် သူ မိနစ် ၁၀ မိနစ် ကျော်ကစားပေးခဲ့ပြီး အခုအချိန်မှာ သူ ကစားဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားနေရတယ်တဲ့"

"ဒီလိုအခြေအနေမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အရမ်းအရေးပါတယ်။ သူ့အနေနဲ့ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားနေရရင် သူ့ကို မိနစ်အနည်းငယ်လောက်ပဲ ထည့်သွင်းကစားရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

 

Source & Photos: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video