play

 

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးတွေ သီးသန့်ထုတ်လုပ်ပေးနေတဲ့ Adidas Telstar က ၂၀၁၈ ခုနှစ် ရုရှားမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ အသုံးပြုမယ့် ဘောလုံးကို ထုတ်လုပ်ပေးထားပါတယ်။

play

 

ယင်းဘောလုံးနဲ့အတူ ကမ္ဘာ့ဖလားကို သက်ဆိုင်ရာနိုင်ငံအသင်းနဲ့အတူ ကိုင်မြှောက်ခဲ့ဖူးတဲ့ ကစားသမားတွေက တစ်စုတစ်ဝေးတည်း ဓာတ်ပုံရိုက်ကူးပြီး ၂၀၁၈ ကမ္ဘာ့ဖလားအတွက် လှုံ့ဆော်ရေးပြုလုပ်ခဲ့ကြပါတယ်။

ဇီဒန်းဟာ ၁၉၉၈ ခုနှစ်မှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့သူဖြစ်ပြီး ကာကာဟာ ၂၀၀၂ ခုနှစ်မှာ ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရရှိခဲ့ပါတယ်။ ဒယ်ပီယာရိုက ၂၀၀၆ ခုနှစ်မှာ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့ပြီး ဇာဗီအလွန်ဆိုက ၂၀၁၀ ခုနှစ်မှာ စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရရှိခဲ့ပါတယ်။ ပိုဒေါစကီးကတော့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video