AD
AD
AD
play

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး အူ့စ်မန်းဒမ်ဘီလီဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ယခုအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

play

 

အသက် ၂၀ အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး ၄ လခန့်အထိ အနားယူရမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။

play

 

ဒါပေမယ့် ဒမ်ဘီလီကို ကုသပေးခဲ့တဲ့ ကျွမ်းကျင်သူတွေက ယခုအချိန်မှာတော့ ဒမ်ဘီလီအနေနဲ့ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် El Clasico ပွဲစဉ်ဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ပွဲစဉ်မတိုင်မီ ပြန်လည်ကစားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Postby

 

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ လေ့ကျင့်ရေးပြန်လည် ပြုလုပ်နေပြီဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD