အသင်းရဲ့ ပရိသတ်တစ်ဦးကို ခြေထောက်နဲ့ ကန်ခဲ့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က အီဗရာကို ရာသီကုန်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

play

 

မိုနာကို၊မန်ယူနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ကစားသမားဟောင်းလည်း ဖြစ်သူ အီဗရာမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချမှတ်လိုက်တဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လအထိ ကျခံရမှာလည်း ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ ၎င်းရဲ့ ကလပ်အသင်းဖြစ်တဲ့ မာဆေးလ်အသင်းကလည် ၎င်းကို အသင်းမှ ထုတ်ပယ်လိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ဒဏ်ငွေအနေနဲ့ ယူရို ၁၀၀၀၀ ကိုလည်း ကျခံရတော့မှာ ဖြစ်ပါတယ်။

play

 

အီဗရာအနေနဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ကစားမယ့် ဗစ်တိုးရီးယား ဂူအီမာရာအသင်းနဲ့ ပွဲစဉ်မတိုင်မီမှာ အသင်းပရိသတ်တစ်ဦးကို ခြေထောက်နဲ့ ကန်ခဲ့တာကြောင့် ယခုလို ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်အတွက် မာဆေးလ်အသင်းက-"ကျွန်တော်တို့ ကလပ်အသင်းနဲ့ ကစားသမားကြားသဘောတူထားချက်အရ အခုလို စာချုပ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ဒါကြောင့်လည်း ချက်ချင်းဆိုသလို စာချုပ်ကို ဖျက်သိမ်းလိုက်တာပါ။" လို့ ထုတ်ပြန်ပေးထားခဲ့ပါတယ်။

အီဗရာအနေနဲ့ အဆိုပါ ပွဲစဉ်တွင် အရံကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း အဆိုပါ ဖြစ်စဉ်ကြောင့်ပွဲမစခင်မှာပင် ကွင်းလယ်ဒိုင်က အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

အီဗရာမှာ မာဆေးလ်အသင်းကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ က အီတလီစီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video