မနေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ မက္ကဆီကိုအသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ဘယ်လ်ဂျီယံအသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူအနေနဲ့ ဂိုးသွင်းအများဆုံး စံချိန်တစ်ရပ်ကို ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်တွင် လူကာကူအနေနနဲ့ ပွဲကစားချိန် ၅၅ မိနစ်နဲ့ ၇၀ မိနစ်တို့မှာ သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်းအတွက် သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းကဲ့သို့ သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဘားနက်ဗော်ဟော့ဖ်နဲ့ ပေါလ် ဗန်ဟင့်မ်တို့နဲ့အတူ ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ဘားနက် ဗော်ဟော့ဖ်အနေနဲ့နဲ့ ၁၉၂၈ ခုနှစ်မှ ၁၉၄၀ ခုနှစ်အထိကိုလည်းကောင်း၊ဗန်ဟင့်မ်မှာ ၁၉၆၀ မှ ၁၉၇၄ ခုနှစ်အထိ လည်းကောင်း ဘယ်လ်ဂျီယံအသင်းအတွက် အသီးသီးကစားခဲ့ကြကာ သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့သူတွေ ဖြစ်ပါတယ်။
လူကာကူအနေနဲ့ လက်ရှိမှာ သွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပေမယ့်လည်း အသင်းနဲ့အတူ ဆက်လက်ကစားနေတာကြောင့်မကြာမီအချိန်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရရှိဖို့လည်းနီးစပ်နေတာ ဖြစ်ပါတယ်။
Source- BBC SPORT