အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီက လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံ ဖြစ်ခဲ့ပါက ၄၃ မိုင်ရှည်လျားတဲ့ ခရီးမှာ ဆုဖလားကြီးကိုင်မြောက်ကာ လမ်းလျှောက်သွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

play

 

"ချန်ပီယံဖြစ်ခဲ့ရင် ကျွန်တော် တစ်ကယ်ပဲ ၄၃ မိုင်ဝေးတဲ့ ဆန်နီကိုလက်စ် မြို့ကို ဆုဖလားကြီးကိုင်မြောက်ပြီး လမ်းလျှောက်သွားပြမှာပါ။" လို့ ရုရှားအသင်းနဲ့ ခြေစစ်ပွဲမတိုင်မီမှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

play

 

မက်ဆီအနေနဲ့ ယင်းကဲ့သို့ လမ်းလျှောက်သွားပြမယ့် အစီအစဉ်တွင် မန်စီးတီးအသင်းမှ တိုက်စစ်မှူး အဂူရိုကလည်း ပါဝင်မယ်လို့ သိထားရပါတယ်။

 

"ကျွန်တော်တို့ လမ်းမလျှောက်ပါဘူး။ပြေးမှာပါ။" လို့ အဂူရိုက ပြောခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီက ဘောလုံးသမားဘ၀က အနားမယူခင်မှာ မိခင်ကလပ်အသင်းဟောင်း နီဝေါလ်အသင်းမှာ ကစားပေးသွားအုံးမယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

မက်ဆီမှာ နီဝေါလ်အသင်းအတွင်း ၁၉၉၄ မှ ၂၀၀၀ ခုနှစ်အထိ ကစားခဲ့ကာ ဘာစီလိုနာကို ၁၃ နှစ်သားအရွယ်မှာ ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဂျာမနီအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video