ရီးရဲ တိုက်စစ်မှူး ဂါရတ်ဘေးလ်အနေနဲ့ ပေါင်ဒဏ်ရာ မသက်သာတာကြောင့် အသင်းနဲ့ ပြန်လည်မပူးပေါင်းနိုင်သေးဘူးလို့ သိရပါတယ်။

play

 

အဆိုပါ ဒဏ်ရာမှာ ဘေးလ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက နှိပ်စက်နေခဲ့တာဖြစ်ပြီး ဒဏ်ရာကို အရှင်းပျောက်ကင်းစေလိုပါက အနည်းဆုံး ၂ ပတ်မှ ၆ ပတ် အထိ ပြန်လည်ကုသဖို့ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

 

ရီးရဲနည်းပြ ဇီဒန်းက-" ဒဏ်ရာကြောင့် နိုင်ငံအသင်းရဲ့ ပြင်သစ်၊ပနားမားအသင်းတို့နဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်တွေကိုလည်း ဘေးလ်ပါဝင်နိုင်မှာ မဟုတ်ပါဘူး။" ပြောကြားခဲ့ပါတယ်။

ရီးရဲအသင်းအနေနဲ့ နိုင်ငံအသင်းတွေ ခြေစစ်ပွဲစဉ်အပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ကစားမယ့် အက်သလက်တီကိုနဲ့ ပွဲစဉ်မှာလည်း ဘေးလ်ကို လက်လွှတ်ထားရအုံးမှာ ဖြစ်ပါတယ်။

ဘေးလ်အနေနဲ့ လက်ရှိအချိန်တွင် မိခင်ကလပ် ရီးရဲအသင်းအတွက် လိဂ် ပွဲ(၅)ပွဲသာ ကစားပေးထားနိုင်ပြီး ဒဏ်ရာကြောင့်အနားယူနေရသူလည်း ဖြစ်ပါတယ်။

ရီးရဲအနေနဲ့လည်း လာလီဂါအမှတ်ပေးဇယားတွင် အဆင့်၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ဘာစီလိုနာနဲ့ ၈ မှတ်ကွာအနေအနားမှာ ရပ်တည်နေပါတယ်။

Postby

Source-BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video