AD
AD
AD

ရုရှားအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ တိုက်စစ်မှူး အဂူရိုက အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး နိုင်ငံအသင်းအတွက် ကာလကြာရှည်စွာ ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။        

Postby

 

တိုက်စစ်မှူး အဂူရိုဟာ လက်ရွေးစင်နည်းပြသစ် ဆမ်ပါအိုလီလက်ထက်မှာ ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရုရှားအသင်းနဲ့  ခြေစမ်ပွဲမှာ အာဂျင်တီးနားက အနိုင်ရဖို့အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၈၆ မိနစ်အရောက်မှာ အဂူရိုက သူကန်လိုက်လို့ ပြိုင်ဘက်ကစားသမားနဲ့ ထိပြီးပြန်ထွက်လာတဲ့ ဘောလုံးကို ခေါင်းတိုက်ကာ ဂိုးသွင်းယူခဲ့တာပါ။

play

 

မကြာသေးခင်ကမှ မန်စီးတီးအသင်းအတွက် ဂိုးအများဆုံးသွင်းသူဖြစ်လာတဲ့ အဂူရိုဟာ အာဂျင်တီးနားအသင်းအတွက် ဂိုးမသွင်းပေးနိုင်တာ ၂၀၁၆ ဇွန်လကတည်းက အခုရုရှားနဲ့ပွဲမတိုင်ခင်အထိ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းမှာ တိုက်စစ်မှူး အီကာဒီဒဏ်ရာရနေတာကြောင့်လည်း အဂူရိုဟာ ပွဲထွက်ကစားသမားအဖြစ် ဒီခြေစမ်းပွဲမှာ ပါဝင်ခွင့် ရခဲ့တာဖြစ်ပါတယ်။

play

 

ဒီပွဲမှာ အာဂျင်တီးနားအသင်းဘက်က အပိုင်ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ရုရှားအသင်းဂိုးသမား အက်ကင်ဖိဗ်က လက်စွမ်းပြ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD