ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မော်ရိုကိုအသင်းက အိုင်ဗရီကို့စ်အသင်းကို အနိုင်ရပြီးနောက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

အာဖရိကနိုင်ငံ မော်ရိုကိုအနေနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ အိုင်ဗရီကို့စ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပွဲ မတိုင်ခင်မှာ မော်ရိုကိုက ပထမနေရာမှာ ရမှတ်ကိုးမှတ်နဲ့ ရပ်တည်နေခဲ့ပြီး အိုင်ဗရီကို့စ်အသင်းက ရမှတ် ၈ မှတ်နဲ့ ဒုတိယနေရာ ရပ်တည်နေတာပါ။ သရေကစားရုံနဲ့ ခြေစစ်ပွဲအောင်မှာ ဖြစ်ပေမယ့် မော်ရိုကိုက ပြိုင်ဘက်ကို အနိုင်ကစားခဲ့တာပါ။

play

 

မော်ရိုကိုအသင်းဟာ ၁၉၉၈ ခုနှစ်တုန်းက ကမ္ဘာ့ဖလားကို ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးကစားခွင့် ရထားတာဖြစ်လို့ ကမ္ဘာ့ဖလား ဝင်ခွင့်မရတာ နှစ်ပေါင်း ၂၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ နှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြန်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အသင်းကို ၂-၀ ဂိုးနဲ့ နိုင်တဲ့ ပွဲစဉ်မှာ မော်ရိကိုအတွက် ဂိုးတွေကို နာဘီးလ်ဒီရာနဲ့ ဘီနာတီယာတို့က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အသင်းကတော့ ဒီပွဲအရှုံးကြောင့် ခြေစစ်ပွဲမအောင်မြင်နိုင်တော့ပါဘူး။

play

 

လက်ရှိအချိန်ထိ မော်ရိုကိုအပါအဝင်၂၀၁၈ ရုရှားကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ ငါးသင်းထွက်ပေါ်လာပြီဖြစ်ပါတယ်။ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ အီဂျစ်၊ မော်ရိုကိုနဲ့ တူနီးရှားတို့က ခြေစစ်ပွဲအောင်ထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video