AD
AD
AD

၂၀၁၇ ခုနှစ်အတွင်းမှာ လူပြောအများဆုံး ဘောလုံးသမားအပြောင်းအရွှေ့ဟာ နေမာရဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာကို စာချုပ်လျော်ကြေးပေးပြီး ပီအက်စ်ဂျီကို အတင်းပြောင်းရွှေ့ခဲ့လို့ ဘာစီလိုနာကတဆက်၊ နေမာနဲ့ ပီအက်စ်ဂျီကတစ်ဖက် တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။

အခုရက်ပိုင်းဘရာဇီးအသင်းနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပီအက်စ်ဂျီအသင်းနည်းပြ အမ်မရီနဲ့ အဆင်မပြေဘူးဆိုတဲ့သတင်းဟာ မဟုတ်ဘူးလို့ နေမာ ငြင်းဆန်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲအတွင်း ဘရာဇီးနည်းပြက နေမာဘက်က ကာကွယ်ပြောကြားမှု လုပ်နေစဉ်မှာပဲ နေမာဟာ မျက်ရည်တွေမထိန်းနိုင်ဖြစ်ပြီး ငိုကြွေးခဲ့တဲ့သတင်း နာမည်ကျော်လာပြန်ပါတယ်။

ပီအက်စ်ဂျီမှာနေမာမပျော်တော့ဘူးလို့ မီဒီယာအချို့ကလည်း အခိုင်အမာ ဆိုထားကြပါပြီ။ နေမာကို ရီးရဲလ်မက်ဒရစ်က ခေါ်မယ်လို့ သတင်းကလည်းထွက်လာပြန်ပါတယ်။ နေမာ ရီးရဲလ်မက်ဒရစ်ကို ရောက်လာနိုင်တဲ့ အကြောင်းပြချက် (၅) ခုရှိနေပါတယ်။

၁။ ဘာစီလိုနာနဲ့ အဆင်မပြေခြင်း

play

 

နေမာဟာ ဘာစီလိုနာဘုတ်အဖွဲ့နဲ့ အဆင်မပြေဖြစ်ခဲ့တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကတည်းက သူ့ရဲ့အေးဂျင့်မန်ဒက်စ်ဟာ ပြောင်းရွှေ့ဖို့ ကြိုးစားနေခဲ့တာပါ။ ၂၀၀၂ ကမ္ဘာ့ဖလား သူရဲကောင်းဖြစ်တဲ့ ဘရာဇီးရော်နယ်ဒိုလည်း ၁၉၉၇ ခုနှစ်မှာ ဘာစီလိုနာဘုတ်အဖွဲ့နဲ့ အဆင်မပြေဖြစ်ပြီး အင်တာမီလန်ကို ပြောင်းရွှေ့သွားဖူးပါတယ်။ ရော်နယ်ဒိုကတော့ တစ်နိုင်ငံတည်းသား နေမာရဲ့ ခံစားချက်ကို သူကိုယ်ချင်းစာပေးလို့ရတယ်လို့ မကြာသေးခင်ကပဲ ပြောထားပါသေးတယ်။

ဘာစီလိုနာအသင်းနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေး ဖြစ်လာခဲ့ခြင်းကလည်း နေမာဟာ ဘာမှနောက်ဆံတင်းစရာ မလိုပဲ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရာမှာ အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။

၂။ ရီးရဲလ်မက်ဒရစ်တွင် ဘရာဇီးသားများ အောင်မြင်ခြင်း

play

 

စပိန်ထိပ်သီးကလပ်ဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို နှစ်နှစ်ဆက်တိုက် ယူထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ကစားသမား အားလုံးရဲ့ မျက်စိကျချင်စရာ နေရာကြီးတစ်ခုပါ။ နောက်တစ်ခုကတော့ ရီးရဲလ်မက်ဒရစ်ဟာ ဘရာဇီးကစားသမားတွေနဲ့ ကောင်းမွန်တဲ့ သမိုင်းကြောင်း ရှိနေတာပါပဲ။ ဂန္တဝင်ကစားသမား ဒီဒီကစလို့ ရော်နယ်ဒိုကားလို့စ်၊ ရော်နယ်ဒို၊ ရော်ဘင်ဟိုတို့ကစလို့ ဒီနေ့ခေတ် ကာကာ၊ မာဆယ်လို၊ ကက်ရှ်မီယိုတို့က ဘရာဇီးကစားသမားတွေ ရီးရဲလ်မက်ဒရစ်မှာ အဆင်ပြေကြောင်း သက်သေပြနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်ကို နေမာ ပြောင်းဖို့စဉ်းစားမယ်ဆိုရင် ဘရာဇီးဖော်တွေဖြစ်တဲ့ မာဆယ်လိုနဲ့ ကက်ရှ်မီယိုတို့က အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာမှာပါ။

၃။ ရော်နယ်ဒိုနှင့် အဆင်ပြေခြင်း

play

 

ပြိုင်ဘက်တွေဆိုပေမယ့် နေမာနဲ့ ရော်နယ်ဒိုရဲ့ ဆက်ဆံရေးက အဖုအထစ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဖီဖာ အကောင်းဆုံး ဆုပေးပွဲမှာ ရော်နယ်ဒိုဆုရတော့ ဒီဆုဟာ ရော်နယ်ဒိုနဲ့ ထိုက်တန်ပါတယ်လို့ နေမာက ပြောခဲ့ပါတယ်။ အဲဒီပွဲမှာပဲ နေမာဟာ ရော်နယ်ဒိုနဲ့ ဆယ်လ်ဖီအတူရိုက်ဖို့ ပြောပြီး ဓာတ်ပုံရိုက်ခဲ့ကြတာ တွေ့ရပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ နေမာ ဆက်ဆံရေးအဆင်ပြေတယ်ဆိုတဲ့ အချက်ပါပဲ ။

နောက်တစ်ချက်ကတော့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အသင်းမှာ ကြာကြာဆက်ကစားဖြစ်ဖွယ် မရှိတော့ပါဘူး။ ဒီအချက်ကလည်း နေမာအတွက် အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

Postby

 

၎။ ရာမို့စ်ရဲ့ ကမ်းလှမ်းချက်

play

 

နေမာအတွက် ရီးရဲလ်မက်ဒရစ်က အမြဲတံခါးဖွင့်ထားတယ်လို့ မကြာသေးခင်ရက်ပိုင်းကပဲ ရာမို့စ်က ပြောလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်က ဒီလိုပြောလိုက်တဲ့အတွက် ပရိသတ်တွေလည်း အနည်းငယ်အံ့အားသင့်ခဲ့ကြရတာပါ။ ဖြစ်နိုင်မယ်ဆိုရင် အခုဇန်နဝါရီကနေစပြီး နေမာ အသင်းမှာ လာကစားစေချင်တယ်လို့ ရာမို့စ်က ကမ်းလှမ်းတာပါ။ အသင်းခေါင်းဆောင်တစ်ယောက်က လူသိရှင်ကြား ထုတ်ပြောလိုက်တဲ့အတွက် နေမာကို တရားဝင်ကြိုဆိုတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

၅။ ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ခြင်း၊ ဇီဒန်းကို သဘောကျခြင်း

play

 

နေမာဟာ ဘာစီလိုနာကို ရောက်မလာခင် လူငယ်လေး ဘဝတုန်းက အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးတာရှိပါတယ်။ သူ့ရဲ့ ဘရာဇီးနိုင်ငံက အကျော်အမော်တွေဖြစ်တဲ့ ကာကာနဲ့ ရော်နယ်ဒင်ဟို ဘယ်သူ့ကို ပိုကြိုက်လဲလို့ မာကာသတင်းစာက မေးတဲ့အခါ နေမာက ဇီဒန်းကိုပဲ ကြိုက်တယ်လို့ ဖြေခဲ့ပါတယ်။ အခု ဇီဒန်းက ရီးရဲလ်မှာ ချန်ပီယံလိဂ်နှစ်နှစ်ဆက်တိုက်ယူပြီး သမိုင်းရေးထိုးနိုင်တဲ့ နည်းပြဖြစ်နေပါပြီ။

အဲဒီအချိန်တုန်းက ဖြေခဲ့တဲ့ အင်တာဗျူးမှာလည်း သူ့ရဲ့ ကစားသမားဘဝမှာ ကစားချင်ဆုံးအသင်းက ရီးရဲလ်မက်ဒရစ်ဖြစ်တယ်လို့ ဖြေခဲ့ကြောင်း သိရပါတယ်။ ဒီတော့ နေမာဟာ ဘာစီလိုနာ မရောက်ခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဇီဒန်းရဲ့ ပရိသတ်တစ်ဦးအဖြစ် နေလာခဲ့တာဖြစ်လို့ ဆိုနိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD