play

 

အာဂျင်တီးနားအသင်းနဲ့ ကြယ်ပွင့်ကစားသမား မက်ဆီဟာ အာဂျင်တီးနားသားဖြစ်တဲ့ ဇင်းနစ်အသင်းရဲ့တိုက်စစ်မှူး ဆီဗက်စတီယန်ဒရူးဆီကို ဆယ်ဖီရိုက်ဖို့စောင့်နေတဲ့ ပရိသတ်နဲ့ မှားခဲ့တာကြောင့် တောင်းပန်ခဲ့ရပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ရုရှားအသင်းနဲ့ကစားဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေချိန်အတွင်း ယခုအဖြစ်အပျက်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ သူ့ရဲ့ပရိသတ်တွေကို ဆယ်ဖီဓာတ်ပုံနဲ့ အော်တိုထိုးပေးတဲ့အလုပ်ကို အမြဲတတ်နိုင်သမျှ ပြုလုပ်ပေးဖို့ ကြိုးစားနေတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ယခုလို မှားယွင်းခဲ့တာဖြစ်ပါတယ်။

play

 

ဒရူးဆီဟာ ဘလွန်းဒီအော် ၅ ကြိမ်အထိ ရရှိထားတဲ့ တစ်နိုင်ငံတည်းသား မက်ဆီနဲ့ ဓာတ်ပုံအတူရိုက်ဖို့ စောင့်ဆိုင်းနေခဲ့ပြီး မက်ဆီကတော့ သူ့ကို မမှတ်မိဘဲ ပရိသတ်တစ်ယောက်လို့သာ ထင်မှတ်ခဲ့တာဖြစ်ပါတယ်။ ဇင်းနစ်တိုက်စစ်မှူး ဒရူးဆီက သူ့ရဲ့လူမှုကွန်ရက် အင်စတာဂရမ်မှာ မက်ဆီနဲ့တွဲရိုက်ထားတဲ့ပုံကို တင်ခဲ့ပြီး 'ဓာတ်ပုံတွဲရိုက်ပေးတဲ့အတွက် ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်မက်ဆီကို ကျေးဇူးတင်ပါတယ်'လို့ ရေးသားထားပါတယ်။

Postby

 

မက်ဆီဟာ ဓာတ်ပုံရိုက်ခဲ့ပြီးမှ မှတ်မိသွားခဲ့ပြီး Fox Sports Argentina ရုပ်သံလိုင်းမှာ ပြန်ပြီး တောင်းပန်ခဲ့ပါတယ်။ သူ့အနေနဲ့ စိတ်ရှုပ်ထွေးနေတဲ့အတွက် ရေးဗားပလိတ်တိုက်စစ်မှူးဟောင်း ဒရူးဆီဆိုတာကို နောက်မှသာ ပြန်လည်မှတ်မိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်သူ့ကို အဲဒီအချိန်မှာ မမှတ်မိလိုက်တာ တော်တော်ကို ဆိုးတယ်လို့ ခံစားနေရပါတယ်။ ကျွန်တော်သူ့ကို သိပါတယ်"

"သူက ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ဖို့ ပြောတဲ့အချိန်မှာ ကျွန်တော်နဲ့အတူ ဓာတ်ပုံရိုက်ဖို့စောင့်နေတဲ့ ပရိသတ်ထဲက တစ်ယောက်လို့ပဲ ထင်လိုက်မိတာပါ"

"အဲဒီဓာတ်ပုံကို အင်စတာဂရမ်မှာတွေ့တော့မှပဲ သူ့ကို တောင်းပန်ရတော့တယ်။ ဟိုးအရင်တုန်းက သူနဲ့ကျွန်တော် မက်ဆေ့တွေ အပြန်အလှန်ပို့ဖူးပြီး တက်တူးဆရာတစ်ယောက်ဆီမှာ နှစ်ယောက်စလုံး တက်တူးထိုးခဲ့ဖူးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းနဲ့ ရုရှားအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အဂူရိုရဲ့တစ်လုံးသောသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video