play

 

ရုပ်သံစီစဉ်တင်ဆက်သူ မော်ဒယ် နာတာချာရိုဒရီဂွက်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဆီကနေ မက်ဆေ့တစ်စောင်ကို ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယင်းမက်ဆေ့ထဲမှာ ရော်နယ်ဒိုက နာတာချာရဲ့ တင်ပါးကို ကြိုက်နှစ်သက်တဲ့အတွက် ခန္ဓာကိုယ်အလှကို ပကတိအတိုင်း မြင်လိုကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့လက်ရှိလက်တွဲဖော် ဂျော်ဂျီနာရိုဒရီဂွက်နဲ့တွေ့ဆုံပြီး တစ်လအကြာ ယခုနှစ်မတ်လမှာ နာတာချာနဲ့ ဇာတ်လမ်းစတင်ခဲ့တာဖြစ်ပါတယ်။  ရော်နယ်ဒိုဟာ ဘရာဇီးနိုင်ငံမှာ ပြုလုပ်တဲ့ တင်ပါးအလှမယ်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ မော်ဒယ်နာတာချာနဲ့ မက်ဆေ့အပြန်အလှန်ပို့ပြီးနောက်မှာ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထားပေးပါလို့ တောင်းပန်ခဲ့တယ်လို့ နာတာချာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာတာချာက "သူ့မှာ ချစ်သူရှိနေပေမယ့် ကျွန်မတို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ သူနဲ့ကျွန်မကြားမှာ အပြန်အလှန် ယုံကြည်မှုရှိခဲ့ကြပါတယ်"

"သူက နှစ်သက်စရာကောင်းတဲ့လူတစ်ယောက်ပါ။ သူနဲ့ မက်ဆေ့အပြန်အလှန် ပို့တာကြာလာတဲ့အချိန်မှာ သူနဲ့အတူရှိနေရတာအရမ်းကို အံ့သြမိပါတယ်"

"ကျွန်မတို့နှစ်ယောက်အတူရှိခဲ့တဲ့ညဟာ အရမ်းကို ထူးခြားပါတယ်"

"ဒါပေမယ့် သူ့ကို ကျွန်မ ပေါ်တူဂီမှာရှိတဲ့ ရုပ်သံအစီအစဉ်တစ်ခုကို သွားရမယ်လို့ ပြောတဲ့အချိန်မှာ သူက မသွားဖို့ တားပါတယ်။ ကျွန်မ သွားတာနဲ့ပဲ သူက ကျွန်မကို ဘလော့လိုက်တော့တာပဲ"

"အခု သူက ကျွန်မကို လိင်ပိုင်းဆိုင်ရာအတွက်ပဲ အသုံးချခဲ့တာလို့ ခံစားနေရပါတယ်။ သူနဲ့အတူ ရှိခွင့်ရခဲ့တာကို ကျွန်မနောင်တမရပါဘူး။ အဲဒါက ကျွန်မရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာပဲလေ။ ဒါပေမယ့် သစ္စာဖောက်မိသလို ခံစားနေရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ကိုယ်ဝန် ၈ လရှိပြီဖြစ်တဲ့ ဂျော်ဂျီနာရိုဒရီဂွက်နဲ့အတူရှိနေပြီး နာတာချာမှာလည်း ကိုယ်ဝန် ၈ လ ရှိနေပြီလို့ သိရပါတယ်။ နာတာချာဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ရည်းစားဟောင်း ရုရှားမော်ဒယ် အီရီနာရှေးနဲ့ ပြတ်သွားတဲ့အချိန်ကစပြီး ရော်နယ်ဒိုကို ဆက်သွယ်ခဲ့တယ်လို့ ပြောပါတယ်။

play

ရော်နယ်ဒိုဆီကို နာတာချာဟာ ၂၀၁၅ ခုနှစ်ကတည်းက သူ့ရဲ့လှပတဲ့ တင်ပါးပုံတွေကို ပို့ပေးခဲ့ပြီး ရော်နယ်ဒိုကလည်း အနမ်းပေးတဲ့ Emoji တွေ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

Postby

 

"အဲဒီတုန်းက မနက် ၁ နာရီလောက် သူ့ဆီကို ပုံတွေပို့လိုက်တယ်။ သူ့ဆီက ဘာမှပြန်ပြီး တုန့်ပြန်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် ၆ နာရီ လောက်မှာ သူ့ဆီက အကြောင်းပြန်တဲ့စာကို ရခဲ့တာကနေ ဇာတ်လမ်းစခဲ့တာပါ"

"ရော်နယ်ဒိုက ကျွန်မကို လူချင်းတွေ့ချင်တယ်ဆိုပြီး ချိန်းတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်ကို သူအရမ်းသဘောကျတယ်လို့ ပြောတယ်"လို့ ပြောခဲ့ပါတယ်။

play

 

ရော်နယ်ဒိုဟာ နာတာချာကို သူ့ရဲ့ပေါ်တူဂီမှာရှိတဲ့ ဇိမ်ခံအိမ်ကို ခေါ်ခဲ့ပြီး နောက်ပိုင်းမှာ နာတာချာက ပိုပြီး ဆက်ဆီကျတဲ့ အောက်ပိုင်းပုံတွေ ပို့ခဲ့ပြီး ရော်နယ်ဒိုကလည်း တင်ပါးလှုပ်ပြီးကတဲ့ဗီဒီယိုဖိုင်ကို ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ဇိမ်ခံအိမ် တံခါးပတ်ဝေါ့စ်ကိုတောင် နာတာချာကို ပေးခဲ့ပါတယ်။

play

 

"နှစ်လအကြာမှာ သူ့ကို Whatapp ကနေ ကျွန်မတို့ စကားပြောချင်တယ်လို့ စာပို့ခဲ့ပေမယ့် သူက ကျွန်မကို ဘလော့ထားပါတယ်။ အခု သူ့ရဲ့လက်တွဲဖော် ဂျော်ဂျီနာအပေါ်မှာ သစ္စာရှိမယ်လို့ ကျွန်မမျှော်လင့်ပါတယ်"

"သူနဲ့ကျွန်မ ချစ်ခဲ့တဲ့ညက သူက ခုလိုမျိုးချစ်တာ ကျွန်မတစ်ယောက်တည်းကိုပါလို့ ပြောခဲ့ပါတယ်။ သူ့ရဲ့လက်တွဲဖော် ဂျော်ဂျီနာနဲ့တောင် ခုလို မချစ်ဖူးဘူးလို့ ပြောခဲ့တာ ကျွန်မ ယုံကြည်ခဲ့မိပါတယ်"လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

 

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video