play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်အတွက် ပေါင် ၈၅ သန်း ရရှိမှသာ အပြောင်းအရွှေ့ဖြစ်မယ်လို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ စက်တင်ဘာလကုန်ကတည်းက ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပါတယ်။

play

 

ဂါရတ်ဘေးလ်အနေနဲ့ ယခုအပတ်မှာ နောက်တိုးဒဏ်ရာအနေနဲ့ ပေါင်ဒဏ်ရာ ထပ်မံရရှိခဲ့ပြီး အနားယူရမယ့်အချိန် ပိုကြာမြင့်သွားပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်ရဲ့ဒဏ်ရာပြဿနာတွေကြောင့် စိတ်ပျက်နေပြီး လာမယ့်နွေရာသီမှာ ဂါရတ်ဘေးလ်ကို ရောင်းချသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လကတည်းက နည်းပြမော်ရင်ဟိုက ကစားသမားအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားလိုရင် ခေါ်ယူချင်တယ်လို့ တရားဝင် ပြောကြားခဲ့ဖူးပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကတော့ ယခုနှစ်နွေရာသီမှာပဲ ရောင်းထုတ်ပစ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video