play

 

ယနေ့နံနက် ၃ နာရီအချိန်မှာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်အသင်းနဲ့ ကော့စတာရီကာအသင်းတို့ရဲ့ပွဲစဉ်မှာ စပိန်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ၆၃ မိနစ်မှာ ကော့စတာရီကာအသင်းရဲ့ကစားသမား ဝက်စတန်ရဲ့ဖျက်ထုတ်မှုကြောင့် အစ်စကို ဘယ်ဖက်ခြေသလုံး ဒဏ်ရာရရှိခဲ့ပြီး ပြန်ထပြီး ပြေးဖို့ကြိုးစားခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် လူစားလဲဖို့ တောင်းဆိုခဲ့ရပါတယ်။ အစ်စကိုရဲ့ဒဏ်ရာရရှိမှုဟာ လာမယ့်စနေနေ့မှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်အပြီးမှာ မိုရာတာက အစ်စကိုရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး မပြင်းထန်ဘဲ ဒဏ်ရာအနည်းသာ ရရှိသွားတာလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အစ်စကိုကို လူစားလဲလှယ်ပြီးတာနဲ့ အဝတ်လဲခန်းထဲမှာ ဆေးဝန်ထမ်းတွေနဲ့ အရိုးအကြောအဆစ်ကျွမ်းကျင်သူတွေက ကုသအကဲဖြတ်ခြင်း ပြုလုပ်ခဲ့ကြပါတယ်။

play

 

အစ်စကိုရဲ့ဒဏ်ရာသတင်းဟာ ဂါရတ်ဘေးလ်ရဲ့ဒဏ်ရာကြောင့် စိတ်ပျက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ထပ် ကသိကအောင့်ဖြစ်စရာ သတင်းဖြစ်ခဲ့ပြီး နည်းပြ ဇီဒန်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစဉ်မှာ အားထားရတဲ့ ကစားသမားတွေကို လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

Source & Photos: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video