AD
AD
AD
play

 

အာဂျင်တီးနားအသင်းရဲ့အသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့် အင်္ဂါနေ့ည ၁၁ နာရီမှာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် နိုင်ဂျီးရီးယားအသင်းနဲ့ပွဲစဉ်မှာ မကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

ရုရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ အပြည့်ကစားပေးခဲ့တဲ့ မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ ဘာစီလိုနာကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Postby

 

အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့မက်ဆီဟာ နိုင်ဂျီးရီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားဖို့ ခရက်စ်နိုဒါကို ထွက်ခွာမယ့် အာဂျင်တီးနားအသင်းသားတွေနဲ့အတူ လိုက်ပါမှာမဟုတ်ဘူးလို့ အာဂျင်တီးနားအသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကနေ ကြေညာခဲ့ပါတယ်။

play

 

ရုရှားနဲ့ပွဲစဉ်အပြီး TyC Sports အားကစားရုပ်သံလိုင်းနဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ အသင်းဖော်တွေကို လာမယ့်နှစ် ကမ္ဘာ့ဖလားအတွက် ဆက်ပြီး ကြိုးစားကြဖို့ ပြောခဲ့ပါတယ်။

"အဲဒါက ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ အမြဲ ပြောနေကြစကားအတိုင်းပါပဲ"

"တကယ့်အမှန်တရားက အချိန်မရှိလို့ပါ။ ဒါကြောင့် ကျွန်တော်တို့အတူရှိနေတဲ့အချိန်လေးအတွင်းမှာ ကျွန်တော်တို့လုပ်စရာရှိတာကို အတူလုပ်ခဲ့ကြတယ်"

"ဒုတိယပိုင်းဟာ နည်းနည်းခက်ခဲခဲ့ပါတယ်။ သူတို့ ပြန်ပြီး ကျွန်တော်တို့ဘက်ကို ဖိအားပေးလာခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပြလိုချင်တဲ့အတိုင်း စုစုစည်းစည်းနဲ့ ကြံ့ကြံ့ခံပြီး အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်"လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

play

ရုရှားနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့တစ်သက်တာဂိုးသွင်းစံချိန်ရှင် အဂူရိုဟာ အာဂျင်တီးနားအသင်းရဲ့သွင်းဂိုးအများဆုံးစံချိန်ရှင် ဟာနန်ခရက်စ်ပိုရဲ့ ၃၅ ဂိုးနဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

"အဲဒါက အရမ်းအရေးကြီးပါတယ်။ သူ့အနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့အတူ စံချိန်သစ်ရေးထိုးနိုင်ခဲ့သလို ဒီမှာလဲ စံချိန်သစ် ရေးထိုးနိုင်မှာပါ"လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

 

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD