မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဝင်ခွင့်အတွက် Play-Off အဆင့် ဒုတိယအကျော့ပွဲစဉ်များတွင် ဆွစ်ဇာလန်အသင်းနဲ့ မြောက်အိုင်ယာလန်အသင်း၊ဂရိနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲစဉ်နှစ်ပွဲစလုံး ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

play

 

ဆွစ်ဇာလန်အသင်းနဲ့ မြောက်အိုင်ယာလန်အသင်းတို့ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၁-၀ ဂိုးနဲ့လည်းကောင်း၊ခရိုအေးရှားနဲ့ ဂရိတို့ပွဲစဉ်တွင် ခရိုအေးရှားအသင်းက နှစ်ကျော့ပေါင်း ရလဒ် ၄-၁ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရရှိကာ ၂၀၁၈ ကမ္ဘာ့ဖလား ၀င်ခွင့် အသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ဆွစ်ဇာလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ၄ နှစ်ဆက်တိုက် ၀င်ခွင့်ရခဲ့တာ ဖြစ်ပေမယ့်လည်း မြောက်အိုင်ယာလန်အသင်းကတော့ ၎င်းတို့ရဲ့ ၃၂ နှစ်ကြာဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ ထပ်မံ လွဲချော်ခဲ့ရပြန်ပါတယ်။

 

ခရိုအေးရှားအသင်းကလည်း နောက်ဆုံး ၆ နှစ်မှာ ၅ ကြိမ်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့ဖလား ၀င်ခွင့်အတွက် လက်ကျန် ၄ နေရာသာ ကျန်ရှိနေတော့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံ အီတလီအသင်းက ဆွီဒင်အသင်းကို ယနေ့ညတွင် အိမ်ကွင်းမှာ ဒုတိယအကျော့ပွဲစဉ်ကို ဧည့်ခံကစားတော့မှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် အီတလီအသင်းအနေနဲ့ အနိုင်ရရှိမှသာ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။

နောက်ထပ် ၀င်ခွင့် ၃ နေရာစာအတွက်ကိုမူ ဒိန်းမတ်နဲ့အိုင်ယာလန်၊ဟွန်ဒူးရပ်စ်နဲ့သြစတြေးလျ၊နယူးဇီလန်နဲ့ ပီရူးအသင်းတို့ လုကြရမှာဖြစ်ပြီး အဆိုပါ ၃ ပွဲစလုံး ပထမကျော့ပွဲစဉ်တွေမှာ ဂိုးမရှိသရေရလဒ်တွေ ထွက်ပေါ်ထားပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

International Sports

Video