AD
AD
AD

အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရီးရဲမက်ဒရစ်စတား ရော်နယ်ဒိုအနေနဲ့ ၎င်းရဲ့ စတုတ္ထမြောက် ရင်သွေးလေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုအနေနဲ့ အဆိုပါ ရင်သွေးလေးမွေးဖွားတာကို ဂုဏ်ပြုပြီး-" အလာနာ မာတီနာလေး မွေးဖွားခဲ့ပါပြီ။ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်နေပါတယ်။" လို့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

play

 

ကလေးကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ မွေးဖွားခဲ့တာလို့လည်း ရော်နယ်ဒိုက အတည်ပြုပေးခဲ့ပါတယ်။

 

စပိန်နဲ့ အာဂျင်တီးနာားနွယ်ဖွား ဂျီအိုဂျီနာက သြဂုတ်လကတည်းက ကလေးကို မွေးဖွားဖို့ ပြင်ဆင်ထားခဲ့ကြောင်းနဲ့ ရော်နယ်ဒိုကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကတည်းက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖေတစ်ယောက်လိုမျိုးခံစားလာရတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဇွန်လမှာတုန်းကလည်း အီဗာနဲ့ မီတီအို တို့ အမွှာပူးကလေးကို အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး မက်ဒရစ်မြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ၎င်းရဲ့ ကျောနံပါတ် ၇ အတိုင်း ကလေး ၇ ယောက်လောက်အထိ ယူချင်တယ်လို့ ထုတ်ဖော်ပြောထားခဲ့သူလည်း ဖြစ်ကာ လက်ရှိမှာ ကလေး ၄ ယောက်အထိ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်တာကြောင့် ၎င်း မျှော်မှန်းထားတဲ့ အတိုင်း၇ ယောက်ပြည့်ဖို့ ၃ ယောက်သာ လိုတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုအနေနဲ့ ပထမ မွေးခဲ့တဲ့ ကလေး ၃ ယောက်ရဲ့ မိခင်တွေကို ဖော်ပြခဲ့ခြင်း မရှိခဲ့ပဲ ယခုတစ်ကြိမ်မှာတော့ ပထမဆုံးအဖြစ် အတူနေချစ်သူနဲ့အတူ ရရှိခဲ့တဲ့ သမီးရတနာလေးကို ထုတ်ပြခဲ့တာလည်း ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD