လာမယ့်ဒီဇင်ဘာလမှာ ပြင်သစ်မဂ္ဂဇင်းက ပေးအပ်ချီးမြှင့်မယ့် ဘလွန်းဒီအော်ဆုကို မက်ဆီရရှိမှာ ဖြစ်ကြောင်း လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့ ပေါက်ကြားလာခဲ့ပါတယ်။

ဖီဖာက ပေးအပ်ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုရရှိပြီးနောက် အခု ဘလွန်းဒီအော်ဆုကိုလည်း ရော်နယ်ဒိုကပဲရ ရရှိမယ်လို့ ရေပန်းစားနေတာပါ။ ဒါပေမယ့် လူမှုကွန်ယက်မှာ စတင်ပေါက်ကြားလာတဲ့ France Football မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် ဓာတ်ပုံဟာ မက်ဆီဖြစ်နေခဲ့ပါတယ်။ ဒီဓာတ်ပုံသာ အမှန်ဖြစ်မယ်ဆိုရင်တော့ ဒီနှစ်ဘလွန်းဒီအော်ဆုကို မက်ဆီက ရရှိမှာ ဖြစ်ပါတယ်ယ။

play

 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့ ဖီဖာတို့ပူးပေါင်းပြီး အရင်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို တစ်နှစ်တခါ ပေးအပ်ချီးမြှင့်ခဲ့ပေမယ့် မနှစ်ကစလို့ သပ်သပ်စီ ခွဲထွက်ကာ ဆုချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအောဆုကိုလာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

 

play

 

လူမှုကွန်ယက်မှာ ပေါက်ကြားနေတဲ့ မဂ္ဂဇင်းဓာတ်ပုံဟာ အတုဖြစ်တယ်လို့ ယူဆနေသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံသာ မှန်ကန်ခဲ့ရင်တော့ မက်ဆီဟာ သူ့အတွက် ခြောက်ကြိမ်မြောက် ဘလွန်းဒီအော် ဆုကို  ရရှိမှာလည်း ဖြစ်ပါတယ်။ မနှစ်ကလည်း ဘလွန်းဒီအောဆုပေးပွဲမတိုင်ခင် ရော်နယ်ဒို ဆုရရှိတဲ့ မျက်နှာဖုံးဒီဇိုင်း ဓာတ်ပုံတွေပေါက်ကြားခဲ့ပြီး ဆုပေးပွဲမှာလည်း ရော်နယ်ဒို ဆုရရှိသွားခဲ့ပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video