AD
AD
AD

အသလက်တီကို ကစားသမား ဂရိဇ်မန်းက သူတွဲကစားချင်တဲ့ ကစားသမားနှစ်ယောက်ရှိတယ်ဆိုတာ ဝန်ခံလိုက်တဲ့အတွက် သူနဲ့ အသလက်တီကိုအနာဂတ်က ပြန်ပြီးစိုးရိမ်စရာ ဖြစ်လာပါတယ်။

play
နေမာနှင့် ဘက်ပေး

 

အသင်းပြောင်းဖို့ မနှစ်ကနွေရာသီမှာ အတော်နီးစပ်ခဲ့ပေမယ့် အသင်းက ကစားသမားအသစ် ဝယ်ယူခွင့် ပိတ်ပင်ခံထားရတာကြောင့် ဂရိဇ်မန်း အခက်တွေ့ခဲ့ရပါတယ်။ အသလက်တီကို ကြယ်ပွင့်ကစားသမား ဂရိဇ်မန်းကို ရီးရဲလ်မက်ဒရစ်အပါအဝင် မန်ယူ၊ ချယ်လ်း စတဲ့ အသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးစားနေခဲ့ကြတာပါ။ မနှစ်ကနွေမှာ ဂရိဇ်မန်း မန်ယူကို ပြောင်းလုနီးနီးဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပြီး နောက်ဆုံးမှာ အသင်းက ကစားသမားထပ်မံမဖြည့်တင်းနိုင်သေးလို့ ဂရိဇ်မန်း အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

play
ဂရိဇ်မန်းဟာ ဘက်ပေးနဲ့ နိုင်ငံ အသင်းဖော်လည်း ဖြစ်ပါတယ်။

 

ကြယ်ပွင့်ကစားသမား ဂရိဇ်မန်းကို သတင်းထောက်က “ ခင်ဗျား နေမာ၊ ဘက်ပေး (နှစ်ဦးစလုံးပီအက်စ်ဂျီကစားသမားမားဖြစ်) တို့နဲ့ တွဲမကစားချင်ဘူးလား” မေးတဲ့အခါ ဂရိဇ်မန်းက ချက်ခြင်းပဲ ကစားချင်ပါတယ်လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

Postby

 

ဥရောပကြယ်ပွင့်ကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲပြီးခေါ်ယူနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘက်ပေးနဲ့ နေမာတို့လို ထိပ်သီးကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဂရိဇ်မန်းက ဒီလိုအရိပ်အမြွက်ပြောထားပေမယ့် အသလက်တီကိုအသင်းအမှုဆောင်အရာရှိကတော့ ဒီကစားသမား အသင်းပြောင်းမှာမဟုတ်ဘူးလို့ ကာကွယ်ပြောကြားနေဆဲ ဖြစ်ပါတယ်။ မန်ယူအသင်းဘက်ကလည်း ဂရိဇ်မန်းကိုခေါ်ယူဖို့ ဆက်သွယ်ကြိုးပမ်းနေဆဲလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD