AD
AD
AD
play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ အီတလီအသင်းနဲ့ ဆွီဒင်အသင်းတို့ရဲ့ Play-off ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆွီဒင်အသင်းရဲ့ကွင်းလယ်ကစားသမား အီမီဖော့စ်ဘတ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

play

 

အီမီဖော့စ်ဘတ်ဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးအသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်ခံနေရတဲ့ ကစားသမားဖြစ်ပြီး ပေါင်သန်း ၂၀ ဝန်းကျင် ဈေးကွက်ပေါက်ဈေးရှိနေတဲ့ကစားသမားဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အီဘရာဟီမိုဗစ်နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ဒေးလီးမေးလ်သတင်းစာကလည်း ဖော့စ်ဘတ်ကို မော်ရင်ဟို သွားရောက်ကြည့်ရှုတာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

play

 

အီမီဖော့စ်ဘတ်ဟာ လိုက်ပ်ဇစ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ကစားသမားဖြစ်ပြီး ရာသီကုန်ချိန်မှာ လိုက်ပ်ဇစ်အသင်းကို ဘွန်ဒစ်လီဂါမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Postby

 

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဖော့စ်ဘတ်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အခြားအသင်းက ကစားသမားတွေအားလုံးထက် ဂိုးဖန်တီးမှုအကြိမ်ရေ ပိုများခဲ့ပါတယ်။

 

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD