AD
AD
AD
play

 

အင်္ဂလန်အသင်းရဲ့နည်းပြ ဂါးရတ်ဆောက်ဂိတ်က လာမယ့် ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲစဉ်အတွက် မထင်မှတ်ထားတဲ့အပြောင်းအလဲတွေ အများကြီးပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ လာမယ့် အင်္ဂါနေ့ညမှာ ဘရာဇီးအသင်းကို ဝင်ဘလေကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမယ့် အင်္ဂလန်အသင်းဟာ လူငယ်ကစားသမားတွေရဲ့ခြေစွမ်းတိုးတက်လာမှုကြောင့် ရလဒ်ကောင်းတွေပိုင်ဆိုင်နေတဲ့အသင်းဖြစ်ပါတယ်။

Postby

 

"ကျွန်တော်တို့ အသင်းကို အပြောင်းအလဲတွေ အများကြီး လုပ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ပုံစံမပျက်အောင် ထိန်းသိမ်းထားချင်တယ်ဆိုရင် အပြောင်းအလဲအချို့ လုပ်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ချယ်ဆီးအသင်းရဲ့လူငယ်ကစားသမား လော့ဖ်တက်ချိခ်ဟာ ဂျာမနီအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီး အထင်ကြီးလောက်စရာကောင်းတဲ့ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ဘရာဇီးလ်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားစာရင်းထဲမှာ ထည့်သွင်းကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။

play

 

အဲဗာတန်အသင်းရဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းအတွက် ပြီးခဲ့တဲ့ သောကြာနေ့က ပွဲဦးထွက်ကစားပေးခဲ့ပြီး အကောင်းဆုံး လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးလ်နဲ့ပွဲစဉ်မှာ ဂျိုးဟတ်ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုသွားဖွယ်ရှိနေပါတယ်။

play

ခံစစ်မှာတော့ မန်ချက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား ကိုင်လီဝေါ်ကာကို စပါးအသင်းရဲ့ညာနောက်ခံကစားသမား ထရစ်ပီယာရဲ့နေရာမှာ လဲလှယ်အသုံးပြုသွားဖို့ရှိနေပြီး ဖီးလ်ဂျုံးစ်ကတော့ ဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။

play

 

တိုက်စစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ လက်စတာစီးတီးတိုက်စစ်မှူး ဂျေမီဗာဒီတို့နဲ့ ပွဲထွက်ကစားသွားမယ်လို့ သိရပါတယ်။

 

Source & Photos: 90 mins

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD